အရာတော်မှာ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရလို့ ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ပျူစောထီးအင်အားကောင်းတဲ့ ငွေတွင်းရွာကို အင်အားသွားဖြည့်တဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၃ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Ngwe Dwin Revolution Force ဆီက သိရပါတယ်။ 

ငွေတွင်းရွာကိုသွားတဲ့ အင်အား ၅၀ ခန့်ကို ဇန်နဝါရီ ၃ ရက် မနက် ၁၁ လောက်မှာ အရာတော် အမှတ်(၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းနဲ့ မီတာ ၅၀၀ အကွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၅ ဦးသေဆုံးကာ ပျူစောထီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ Ngwe Dwin Revolution Force တပ်စုမှူး ဗိုလ်စိုးကြီးက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု ၆ နာရီဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးအလောင်းနဲ့ သေနတ်တွေကိုကောက်ပြီး အရာတော်မြို့ လေ့ကျင့်ရေးအမှတ် ၁၀ ကို ပြန်ခေါက်သွားတယ်လို့ Ngwe Dwin Revolution Force  တပ်စုမှူး ဗိုလ်စိုးကြီးက ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Ngwe Dwin Revolution Force၊ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း ၆၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နယ်ခံမဟာမိတ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#အရာတော် #စခတ၁၀ #စစ်ကြောင်း #ကြားဖြတ်တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10