စစ်ကောင်စီစစ်ကြောင်း မရှိတော့လို့ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဝင် (ရုပ်/သံ)

ပခုက္ကူတပ်မ ၁၀၁ စစ်ကောင်စီစစ်ကြောင်းရောက်လာလို့ စစ်ရှောင်နေရတဲ့ မြစ်ခြေမြို့နယ်အတွင်းက ပြည်သူတွေ အခုတော့ နေရပ်ပြန်ဝင်နေကြပြီလို့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT အဖွဲ့ဆီက သိရပါတယ်။

မြစ်ခြေမြို့ BPI မြင်းမွေးမြူရေးတပ်ထဲကို ရိက္ခာပို့ဖို့ ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်မှာ ပခုက္ကူတပ်မ ၁၀၁ စစ်ကောင်စီစစ်ကြောင်း ထွက်လာချိန်မှာကတည်းက မြစ်ခြေမြို့နဲ့ မြို့နယ်အနီးတဝိုက်က ပြည်သူ ၂သောင်းကျော် စစ်ရှောင်ခဲ့ရတာပါ။

အဲ့ဒီ စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ထဲက ၅,၀၀၀ ကျော်ကတော့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့-DYT ရဲ့ စစ်ရှောင်စခန်းကို ရောက်ရှိလာလို့ လက်နက်ခဲယမ်းဝယ်ယူမယ့် စရိတ်ထဲက ကျွေးမွေးစောင့်ရှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ရိက္ခာလာပို့တဲ့ စစ်ကြောင်းက အခုနှစ် ဇန်နဝါရီ ၂ ရက် ဒီမနက်ပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ ကို ပြန်ဆုတ်သွားပြီးလို့ သိရတဲ့အတွက် စစ်ရှောင်ပြည်သူတွေ အသီးသီး ဒီနေ့မနက်ပိုင်းကတည်းက နေရပ်ကိုပြန်ဝင်နေကြတာဖြစ်ပါတယ်။

စစ်ကြောင်းဝင်လာတဲ့အတွက် မြစ်ခြေမြို့အပါအဝင် မြို့နယ်အတွင်း ရွာပေါင်း ၃၀ က ပြည်သူ ၂၀,၀၀၀ ကျော် ၁ ပတ်ဝန်းကျင် အရေးပေါ်စစ်ရှောင်ခဲ့ရပြီး စစ်ကြောင်းပြန်ထွက်သွားလို့ နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြစ်ခြေ #စစ်ကောင်စီ #စစ်ကြောင်း #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10