လောင်းရှည်မှာထိတွေ့တိုက်ပွဲတချို့ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ၅ ဦးဖမ်းမိ    ■ တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်နဲ့ပူးပေါင်း

လောင်းရှည်မှာထိတွေ့တိုက်ပွဲတချို့ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ၅ ဦးဖမ်းမိ ■ တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်နဲ့ပူးပေါင်း

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ်ရဲစခန်းကိုထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဂန့်ဂေါခရိုင်တပ်ရင်း ၃ နဲ့ ၅ ဆီ လက်နက်တွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၆ ရက်မှာ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက MA 1 ၁ လက်၊ MA 3  ၁ လက်၊ ၅.၅၆ မမ ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်အိမ် ၉ ခုနဲ့အတူ ပူးပေါင်းလာတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဇန်နဝါရီ ၂ ရက်ကလည်း ဆောမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး BA 63 (G 3) ၁ လက်၊ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခုနဲ့အတူ ဂန့်ဂေါခရိုင်တပ်ရင်း ၂ ထံ လာရာက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်  ဇန်နဝါရီ ၄ ရက်မှာ  လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းအနီးကို ကာကွယ်ရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေးထွက်လာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံကနေ MA 1 ၂ လက်၊ ၅.၅၆ မမ ကျည် ၄၀၇ တောင့်၊ အီနာဂါဗုံးသီး ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ နင်းမိုင်း ၁ လုံး၊ MA ကျည်အိမ် ၇ ခု၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်၊ ကျောပိုးအိတ် ၃ လုံး၊ စစ်ယူနီဖောင်း ၂ ထည်၊ ဖုန်း ၅ လုံး၊ ရေဘူး ၁ ဘူး၊ ဓား ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီနေ့မှာပဲ လောင်းရှည်ဒေသ၊ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်းကို ဂန့်ဂေါခရိုင်တပ်ရင်း ၆ က နယ်မြေရှင်းလင်းရေးလုပ်နေချိန် MA 1 ၁ လက် ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက်ကလည်း လောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး ထွက်ပြေးလာတဲ့ စစ်ကြောင်းကို ဂန့်ဂေါခရိုင်တပ်ရင်း ၃၊ ၅၊ ၆၊ မကွေးတိုင်း ဒရုန်းတပ်ဖွဲ့၊ စလင်းမြိုနယ် တိုက်ခိုက်ရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေကပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၁ ဦးကိုဒဏ်ရာနဲ့ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီထိတွေ့ပစ်ခတ်မှုမှာ MA 2 ၂ လက်၊ MA 3 ၁ လက်၊ G 3 ၁ လက်၊ ကျည်အိမ် ၁၄ ခု၊ G 3 ကျည် ၆၄ တောင့်၊ MA ကျည် ၂၅၀ တောင့်၊ အီနာဂါ ၅ လုံး ၊ ၆၀ မမ ဗုံးသီး ၃ လုံး၊ Equipment ၂ ခု၊ ကျောပိုးအိတ် ၃ ခု၊ ရေဘူး ၁ ဘူး၊ စစ်ယူနီဖောင်း ၂ စုံ၊ ရဲယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိတယ်လို့ အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စာတည်း - ကိုချမ်း

#မြေလတ်အသံ 

#မကွေးတိုင်း #ဂန့်ဂေါ #ဆော #လောင်းရှည် #ရင့်ရဲချောင်း #စစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10