သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မိတ္တိလာခရိုင်၊ မလှိုင်မြို့နယ်၊ သုံးထောင်ကျေးရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို စီးနင်းတိုက်ခိုက်ချိန် တပ်ကြပ် ၁ ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအင်အား ၂၀ ဦးကို ဇန်နဝါရီ ၂ ရက် နေ့လယ် ၁၀ နာရီ ၂၀ မိနစ်လောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀ မိနစ်ကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“သေတာကတော့ ၂ ဦးသေတယ်၊ ၁ ဦးဖမ်းမိတယ်၊ တပ်ကြပ် ဖမ်းမိတာ။ ထိခိုက်ဒဏ်ရာရတာတော့ ထွက်ပြေးသွားတာဆိုတော့ အတိအကျမသိရဘူး၊ ကျန်တဲ့သူတွေကတော့ မလှိုင်မြို့ဘက်ကို ထွက်ပြေးသွားတာ။” လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းရဲ့ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။
အဲ့ဒီဘုန်းကြီးကျောင်းမှာ မိတ္တီလာမြို့ ပလတ ၃ က စစ်ကောင်စီတပ်သားတွေနဲ့ သုံးထောင်ကျေးရွာက စစ်သင်တန်းတက်ထားတဲ့ ပျူစောထီးတွေတပ်စွဲနေကြတာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်ပြီးနောက် တပ်ကြပ်အောင်ဆန်းဝင်း ဆိုသူကို အရှင်ဖမ်းမိပြီး G3 သေနတ် ၃ လက်နဲ့ ခဲယမ်း ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။
ဖမ်းမိသူကိုတော့ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီကို လွှဲပြောင်းပေးထားလိုက်ပြီလို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း ၈၊ မလှိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွားထိုးကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၃၁ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်းသေဆုံးကာ တိုက်ပွဲပြီးနောက် အလောင်း ၂ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မလှိုင် #စစ်ကောင်စီ #တိုက်ခိုက် #ဖမ်းမိ
Share Share Share