သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်တွင်း နေရာ ၃ ခုခွဲကာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း နတ်ဆိုးတပ်ဖွဲ့ဆီက သိရပါတယ်။
မတ် ၁၄ ရက်နေ့လယ် ၁၁ နာရီဝန်းကျင်မှာ စက်မှုဇုန်နယ်မြေ ငြိမ်းချမ်းရေးလမ်းဆုံ၊ ရွှေခြင်္သေ့မင်းဆန်ခေါက်ဆွဲစက်နဲ့ ပေါက်ကြီးကွမ်းယာဆိုင်နေရာတွေမှာ လမ်းသွားလမ်းလာကားတွေကို ၃ ဦး ၁ ဖွဲ့ ပိုက်ဆံကောက်ခံနေတာကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ ကျနော်တို့ ၃ ဖွဲ့ခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ စက္ကန့်ပိုင်းပဲကြာတယ်၊ သူတို့အချင်းချင်း စက်နဲ့ပေါက်နေတာ လင်းယုန်အဖွဲ့ တိုက်ခိုက်ခံရတယ်ဆိုပြီး ၅ ဦးထိထားတယ်ဆိုတာတော့ သူတို့ပြောနေတာကြားရတယ်၊ သေတာက ၃ ဦးပါ၊ သူတို့နယ်ထဲဆိုတော့ ကျနော်တို့လည်းပစ်ပြီး ပြေးရတာ” လို့ အမှတ် ၂၂ တပ်ရင်း ခေါင်းဆောင် ဗိုလ်နတ်ဆိုးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပစ်ခတ်မှုဖြစ်ပြီးနောက် အခင်းဖြစ်နေရာတွေကို အိမ်စီးကား ၈ စီးခန့်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်ကူရောက်ရှိလာခဲ့ပြီး မုံရွာမြို့ အမှတ် ၂ ရဲစခန်းကနေလည်း အင်အား ၂၀ လောက်နဲ့ ကံပြားရွာအနီးအထိ သေနတ်တွေ လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကလည်း မုံရွာမြို့ စက်မှုဇုန် ဟီးရိုးကွမ်းယာဆိုင်ရှေ့မှာ ပေါ်တာဆွဲဖို့ကင်းပတ်နေတဲ့ အိမ်စီးကားကို မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း မုံရွာနတ်ဆိုးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စက်မှုဇုန် #စစ်ကောင်စီ #တိုက်ခိုက်
Share Share Share