မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ အပတ်စဥ် ၃ စစ်အခြေခံသင်တန်းဆင်း (Reels)

 

မကွေးတိုင်း၊ မင်းဘူးခရိုင်မှာ အမှတ် ၂ တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။ 

ဒီသင်တန်းကို နိုဝင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်အထိ ၄၅ ရက်အကြာပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင်အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို သင်တန်းပေးခဲ့တာလို့ ဆိုပါတယ်။

“ရဲဘော် ရဲမေတွေ ထူးထူးခြားခြား ဆုပေးခဲ့နိုင်တာတော့ မရှိပါဘူး၊ ကျနော်တို့အနေနဲ့ ယူနီဖောင်းပဲ ပေးအပ်နိုင်ခဲ့ပါတယ်။” လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်ဇာမဏီက မြေလတ်အသံကို ပြောပါတယ်။

သင်တန်းကာလ ၄၅ ရက်တာမှာ တောတွင်းစစ်ဆင်ရေး၊ စခန်းသိမ်းနိုင်ရေး စစ်ဆင်ရေးတွေကို စာတွေ့နဲ့လက်တွေ့သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲကို မနက် ၈ နာရီကနေ ၁၀ နာရီထိပြုလုပ်ခဲ့ပြီး သင်တန်းသားတွေကို ထမင်းနဲ့ မုန့်ဟင်းခါးကျွေးမွေးခဲ့တယ်လို့  အထက်ပါတပ်ရင်းမှူးက ပြောပါတယ်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဟာ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း စတဲ့ဒေသနယ်မြေတွေမှာ အခြေပြုလှုပ်ရှားနေတဲ့တပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #မင်းဘူး #အခြေခံစစ်ပညာ #သင်တန်းဆင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10