သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စက်မှုဇုန်ဂိတ်ကနေ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ဟိုက်ဂျက်ကားကို ဒီဇင်ဘာ ၃၀ ရက်ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Young Force - UG အဖွဲ့ဆီက သိရပါတယ်။
စုစုပေါင်းစစ်သား ၄ ဦးစီးနင်းလိုက်ပါလာတဲ့ အဆိုပါကားကို ပခုက္ကူမြို့တွင်းတနေရာမှာ အနီးကပ်ပစ်ခတ်ပြီးနောက် လက်နက်တွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“ပစ်ခတ်တိုက်ခိုက်အချိန်က အကြာကြီးမဟုတ်ဘူး၊ မြို့တွင်းလည်းဖြစ်တဲ့အတွက် ၅ မိနစ်ကြာတယ်။ ကားကတော့ အရပ်ကားပဲပြောပါတော့။ ပွိုင့်ကားမဟုတ်ဘဲနဲ့ ဟိုက်ဂျက်အမျိုးအစားကားပါ။ ကားပေါ် မှာတော့ ဒရိုင်ဘာအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးနဲ့ သေနက် ၄ လက်ပါ။ ထိခိုက်သေဆုံးမှုက ၄ ဦးလုံးပါတာ ၄ ဦးလုံးသေတယ်။” လို့ Young Force - UG တာဝန်ခံ ကိုဝိုင်ပီက ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် MA 3 ၄ လက်၊ ကျည်ဘောက် ၈ ခု၊ ၅.၅၆ ကျည် ၁၆၈ တောင့်၊ ဖုန်း ၁ လုံးနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းခဲ့ပြီး ကားနဲ့အလောင်းတွေကိုတော့ ဖြစ်စဉ်ဖြစ်တဲ့နေရာမှာပဲထားခဲ့တယ်လို့ တာဝန်ခံ ကိုဝိုင်ပီက ပြောပါတယ်။
ဟိုက်ဂျက်ကားပေါ်မှာပါလာတဲ့ စစ်သား ၄ ဦးဟာ ပခုက္ကူ တပ်မ ၁၀၁ ကဖြစ်ပြီး ဒီတိုက်ခိုက်မှုကို Young Force - UG ၊ Pakokku People Defense Force နဲ့ Pakokku Ranger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ဟိုက်ဂျက် #စစ်ကား #ပစ်ခတ်
Share Share Share