သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့က ပျူစောထီးနဲ့ ရဲတွေရှိတဲ့ကင်းစခန်းကို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ ရဲတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Joker ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ဘလိတ်က ပြောပါတယ်။
ဒီဇင်ဘာလ ၂၆ ရက် မနက် ၉ နာရီမှာ မြိုင်မြို့အနောက်တောင်ဘက်ခြမ်း၊ အမှတ် ၃ ရပ်ကွက်နေ ပျူစောထီးခေါင်းဆောင်တဦးရဲ့နေအိမ်မှာရှိတဲ့ အဆိုပါကင်းစခန်းကို ဒရုန်းဗုံးသီး ၇ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ် ရဲစခန်းကလို့ယူဆရတဲ့ ရဲတပ်သား မျိုးဝင်းစိန် နဲ့ ရဲတပ်သား အောင်နိုင်ဝင်း တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကင်းစခန်းမှာ စစ်အာဏာသိမ်းစအချိန်ကတည်းက မြိုင်မြို့ပေါ် ရဲစခန်းမှ ရဲတွေနဲ့ပျူစောထီး ၂၀ ၀န်းကျင် စခန်းချနေထိုင်နေကြတာလို့ သိရပါတယ်။
လက်ရှိမှာ အမှတ် ၃ ရပ်ကွက်အပြင် အမှတ် ၁ နဲ့ အမှတ် ၂ ရပ်ကွက်က ဒေသခံအများစု နေရပ်တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း မြိုင်မြို့ပေါ် အထက ၁ ကျောင်းကနေ ထွက်လာပြီး မီးသတ်ရုံဘက်ကိုလာတဲ့ ဒုရဲမှူးနဲ့ ရဲ ၁ ဦးကို Joker ပြောက်ကျားတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မြိုင် #ရဲနဲ့ပျူစောထီး #ကင်းစခန်း #ဒရုန်းဗုံးကြဲခံရ #PDF
Share Share Share