YPDF ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ်

YPDF ဗဟိုဌာနချုပ်မှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPDF ရဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ပထမဆုံးအကြိမ် အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ YPDF တပ်ဖွဲ့ဝင် လူလှ ဆီက သိရပါတယ်။

တပ်ဖွဲ့ဝင်တွေ ကိုယ်လက်ကြံ့ခိုင်ရေး၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရေး၊ စည်းလုံးညီညွတ်စေရေး၊ ချစ်ခင်ရင်းနှီးရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ဒီဇင်ဘာ ၂၇ ရက် နေ့လယ် ၂ နာရီကနေ ညနေ ၅ နာရီအထိ  ပြုလုပ်ပေးခဲ့တာလို့ ဆိုပါတယ်။ 

အားကစားပြိုင်ပွဲမှာ ဒိုက်ထိုးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ တုတ်ချိတ်ပြေးပြိုင်ပွဲ၊ သံပုရာသီးစားပြိုင်ပွဲ၊ အုပ်စုလိုက် အတွဲလိုက် ဇွန်းကိုက်ပြိုင်ပွဲ၊ ခြေထပ်ပြေးပြိုင်ပွဲ၊ လက်ဝါးရိုက်ပြိုင်ပွဲ၊ ပုလင်းထဲ ဘောပင်ထည့်ပြိုင်ပွဲ စတာတွေကို ပြုလုပ်ပေးခဲ့တာလို့ တပ်ဖွဲ့ဝင်လူလှက ပြောပါတယ်။

ဒီပြိုင်ပွဲမှာ တပ်ဖွဲ့ဝင် ၉၀ ကျော်ပါဝင်ပြီး ဆု ၈ ဆု‌ပေးခဲ့ကာ ပထမဆုကို ၁ သောင်းကျပ် အနည်းဆုံးပေးခဲ့ပြီး YPDF တပ်ဖွဲ့ရဲ့အကြီးအကဲတွေက ဆုပေးခဲ့တာလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#YPDF #အားကစားပြိုင်ပွဲ #ပျော်ပွဲရွှင်ပွဲ #ရဲဘော် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10