သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့နယ် မြို့မရဲစခန်းကနေ ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၈ ရက် မနက်ပိုင်းမှာ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ဆီက သိရပါတယ်။
ရေစကြိုမြို့မရဲစခန်းကနေ ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ကို မနက် ၉ နာရီလောက်မှာ ရေစကြိုမြို့အထွက် ဘက်စုံခြံအနီးကနေ အသင့်စောင့်ဆိုင်းပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦး သေနိုင်တဲ့ဒဏ်ရာတွေရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"ဘက်စုံခြံအကွေ့နားလောက်မှာ အသင့်စောင့်ဆိုင်းပြီးတော့ တိုက်ခိုက်ခဲ့တာ။ နှစ်ဖက်အပြန်အလှန် ၁၅ မိနစ်လောက် တိုက်ခိုက်ခဲ့တာ။ **တွေက ကတ္တရာလမ်းပေါ်က ခြေလျင်လျှောက်သွားတာ။ ၅ ဦးကတော့ အပြင်းအထန် ဒဏ်ရာရတယ်၊ သေနိုင်လောက်တဲ့ ဒဏ်ရာတွေအထိရသွားတာ။" လို့ ရေစကြို ပကဖ တာဝန်ခံက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေကို ကောက်ယူဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီနောက်ကျန်တပ်သားတွေနဲ့ ရေစကြို ရဲစခန်းကနေပစ်ကူပေးတာကြောင့် လက်နက်မကောက်နိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့ထဲက မြို့မရဲစခန်းကို ပြန်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်နဲ့ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၉ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မကွေး #ရေစကြို #မြို့နယ်ရဲစခန်း #ပစ်ခတ်
Share Share Share