သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာကနေ စစ်ကြောင်းဖြန့်ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၂၉ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force ဆီက သိရပါတယ်။
လယ်သစ်ရွာကနေ စစ်ကြောင်းဖြန့်ထွက်လာတဲ့ ခမရ ၁၅ က စစ်သားတွေနဲ့ လယ်သစ်ရွာက ပျူစောထီး အင်အား ၅၀ ခန့်ကို မနက် ၉ နာရီခွဲမှာ လယ်သစ်ရွာအရှေ့ဘက် မီတာ ၄၀၀ အကွာလောက်ကနေ ကြားဖြတ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပျူစောထီး ၂ ဦးသေပြီး၂ ဦး ဒဏ်ရာရသွားတယ်လို့ Freedom Fighter Guerrilla Force မိုင်းတာဝန်ခံက ပြောပါတယ်။
"ဒီတိုက်ခိုက်မှုမှာ ကျနော်တို့ကလည်း အင်အားအလုံးအရင်းနဲ့ပါ။ ပထမတော့ ပြောက်ကျားနည်းနဲ့ ကျနော်တို့က နေရာယူထားတယ်။ ဒီကောင်တွေ အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ ကျနော်တို့က ဦးအောင်အရင်ဆုံးပစ်တဲ့အတွက် အထိနာသွားတယ်။ အပြန်အလှန်ပစ်ခတ်တာ မိနစ် ၃၀ ကြာတယ်။ မျက်မြင်ကတော့ ၅ ကောင်ထိတယ်၊ ၅ ကောင်ထိတာကို ၂ ကောင်ကတော့ သေတယ်၊ ၃ ကောင်ကတော့ ဒဏ်ရာတွေနဲ့ လယ်သစ်ရွာထဲကို ပြန်ခေါ်သွားတယ်။"လို့Freedom Fighter Guerrilla Force မိုင်းတာဝန်ခံက ဆိုပါတယ်။
တိုက်ပွဲဖြစ်နေချန်မှာ ခမရ ၁၅ ထဲကို လက်နက်ကြီးပစ်ကူပေးခိုင်းပြီး အဲ့ဒီစစ်ကြောင်းက လယ်သစ်ရွာထဲကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သူကဆက်ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Freedom Fighter Guerrilla Force ၊ LACR ၊ 8 Stars နဲ့ တော်လှန်ရေးမဟာမိတ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#မန္တလေး #မြင်းခြံ #စစ်ကြောင်း #တိုက်ခိုက်
Share Share Share