လူငယ်တွေပါဝင်တဲ့ BLDF ရဲ့ အပတ်စဥ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲ

လူငယ်တွေပါဝင်တဲ့ BLDF ရဲ့ အပတ်စဥ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ နေရာတခုမှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF ရဲ့ အပတ်စဥ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၉ ရက်မှာပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။ 

အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၄ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက်အထိ အသက် ၂၀ အရွယ် သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF စစ်ကြောင်းတာဝန်ခံ ကိုဘုန်းက ပြောပါတယ်။ 

သင်တန်းကာလ ၁ လခွဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော် - KIA ဆီကနေ စစ်ပညာသင်လာတဲ့ သင်တန်းဆရာတွေက တိုက်ပွဲတွင်းတိုက်ခိုက်ရေးပိုင်းကို အဓိကသင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းသားတွေကို ပစ်ခတ်ထူးချွန်ဆုပေးခဲ့တယ်လို့ အထက်ပါ စစ်‌ကြောင်းတာဝန်ခံက ပြောပါတယ်။

အခြေခံစစ်ပညာ အပတ်စဉ် ၃ သင်တန်းဆင်းပွဲကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ဗဟိုကော်မတီဝင်တွေ၊ စစ်ဦးစီးတွေ၊ စစ်ဒေသတာဝန်ခံတွေ၊ ရုံးအဖွဲ့ဝင်တွေနဲ့ ဒေသခံရပ်မိရပ်ဖ ပြည်သူလူထုတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #BLDF #စစ်သင်တန်း #သင်တန်းဆင်းပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10