တောင်သာက ပျူစောထီးခေါင်ဆောင်နေအိမ်ကို ပကဖ ဝင်တိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

တောင်သာက ပျူစောထီးခေါင်ဆောင်နေအိမ်ကို ပကဖ ဝင်တိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မြင်းခြံ-ညောင်ဦးလမ်းဘေးရှိ ဆင်ဖြူရွာက ပျူစောထီးခေါင်းဆောင် ဝင်းကို ရဲ့ နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၃၀ ရက် မနေ့ကမနက် ၅ နာရီခွဲလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်ရာ နာရီဝက်ဝန်းကျင်ပစ်ခတ်မှုဖြစ်ပြီးနောက် ပျူစောထီးခေါင်းဆောင် ဝင်းကိုနဲ့အဖွဲ့ဟာ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ စီးနင်းတိုက်ခိုက်တော့ သူတို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်၊ သူတို့ကိုင်ဆောင်တဲ့ လက်နက်တွေတော့ ကျန်ခဲ့တယ်။”လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဝင်ရောက်တိုက်ခိုက်ချိန်မှာ ပျူစောထီးခေါင်းဆောင် ဝင်းကိုအပါအဝင် ပျူစောထီး ၁၀ ဦးဝန်းကျင်သာ ရှိနေပြီး တိုက်ခိုက်ပြီးနောက် ပြောင်းချောသေနတ် ၂ လက်၊ တူမီး ၁ လက်၊ .22 (ပွိုင့်တူးတူး) လက်လုပ် ၁ လက်၊ ပါရီ ၁ လက်နဲ့ ကျည်တချို့တို့ကို သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက် ဒီမနက်ပိုင်းအထိတော့ အဲ့ပျူစောထီးတွေဟာ ရွာထဲကိုပြန်မဝင်လာကြသေးဘူးလို့ ဆိုပါတယ်။ 

အဲ့ဒီပျူစောထီးအဖွဲ့ဟာ ဆင်ဖြူရွာအနီး မြင်းခြံ- ညောင်ဦးလမ်းပေါ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားကားတွေဆီကနေ ပိုက်ဆံကောက်တာတွေလည်းလုပ်တယ်လို့ သိရပါတယ်။ 

ဒီပစ်ခတ်မှုကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Burmese Guerrilla Force-Myingyan (BGF)၊ ညောင်ဦးပကဖနဲ့ ညောင်ခရိုင်အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်ကလည်း ရန်ကုန်ရဲတပ်ရင်း ၅ ကနေ တောင်သာမြို့နယ်ကို တာဝန်ကျနေတဲ့ ရဲတပ်သား ၁ ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်လာတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#တောင်သာ #ပျူစောထီး #တိုက်ခိုက် #လက်နက်ခဲယမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10