သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင်တပ်ရင်း ၅ က PDF တပ်ဖွဲ့ဝင် ၁ ဦး မိုင်းမတော်တဆဖြစ်ကာ ကျဆုံးသွားတယ်လို့ အဲ့ဒီတပ်ရင်းထံက သိရပါတယ်။
ကျဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် တပ်ဖွဲ့ဝင် ဒေါင်းမင်းဖြစ်ပြီး ဇန်နဝါရီ ၁၁ ရက်မှာ လင်းဇင်းနဲ့ကံပြားရဲစခန်းကနေ စစ်ကြောင်း ၃ ကြောင်းဖြန့်ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အုန်းတောရွာအနီး မိုင်းဆွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။
“ ကျဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ် တပ်ဖွဲ့ဝင်ဒေါင်းမင်းရဲ့ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်မှာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ ထိန်းချုပ်ထားတဲ့ စလင်းမြို့နယ်အတွင်း မီးရှို့သင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကိုတော့ အိုးနဲ့ယူထားပြီး နောက်မှအုတ်ဂူလုပ်မှာ။”လို့ မင်းဘူးခရိုင် တပ်ရင်း ၅ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ JOKER က ပြောပါတယ်။
တပ်ဖွဲ့ဝင် မိုင်းသမား ဒေါင်းမင်းဟာ စလင်းမြို့ဇာတိဖြစ်ပြီး အမှတ် ၅ တပ်ရင်းရဲ့ ဒီဇင်ဘာလဖွင့်လှစ်တဲ့ အပတ်စဉ် ၉ သင်တန်းတက်ရောက်ကာ သင်တန်းဆင်းလာသူဖြစ်ကာ ၎င်းရဲ့ စျာပနအခမ်းအနားကို PDF တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မင်းဘူး #တပ်ရင်း၅ #မိုင်း #ကျဆုံး #ရဲဘော်
Share Share Share