ရွှေစက်တော်အနီး အိုးပြင်မဲရွာက လူနေအိမ် ၃၅ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

ရွှေစက်တော်အနီး အိုးပြင်မဲရွာက လူနေအိမ် ၃၅ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်အနီး၊ အိုးပြင်မဲရွာက လူနေအိမ် ၃၅ လုံးကို ဇန်နဝါရီ ၁၁ ရက် ဒီနေ့မနက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်တာမရှိဘဲ မီးရှို့‌ခဲ့တယ်လို့ မင်းဘူးမြို့ ဒေသခံတွေထံက သိရပါတယ်။

ပျူစောထီးတွေပါဝင်တဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးနဲ့ပစ်ပြီး အိုးပြင်မဲ ကျေးရွာကိုဝင်လာကာ မီးရှို့တာကြောင့် အိမ်ခြေ ၁၅၀ ခန့်ရှိတဲ့ အိုးပြင်မဲရွာက လူနေအိမ် ၃၅ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

“ကျနော်တို့ မင်းဘူး (စကု)မြို့နယ်မှာ ဒါပထမဆုံး မီးရှို့ခံရတဲ့ရွာပါပဲ။ မင်းအောင်လှိုင် ဇာတိမြို့ မင်းဘူးမြို့ပေါ်မှာ နိုင်လွန်ကတ္တရာခင်းပေးနေပြီး ရွာတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတာပါ။” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ အိုးပြင်မဲကျေးရွာက ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

အခုလို မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ မင်းဘူး ၈၈ တပ် နဲ့ စကု ခလရ ၁၀ က စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #မင်းဘူး #ရွှေစက်တော် #အိုးပြင်မဲရွာ #မီးရှို့‌ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10