သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့က မြို့မရဲစခန်းကနေ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ဦး ဇန်နဝါရီ ၁၀ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် ဆီက သိရပါတယ်။
ရဲတပ်သား အေးချမ်းအောင် ဟာ ပေါက်မြို့မရဲစခန်းမှာတာဝန်ကျနေချိန် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ပြီး ဇန်နဝါရီ ၁၀ ရက်မှာ ခိုလှုံလာတာလို့ ဆိုပါတယ်။
ဘက်ပြောင်းခိုလှုံလာဖို့အတွက် ဇန်နဝါရီ ၉ ရက်ကတည်းက ပေါက်မြို့၊ မြို့မရဲစခန်းရဲ့ အနီးဆုံးနေရာမှာ အနီးကပ်စောင့်ကြည့်ပြီး နယ်မြေခံအဖွဲ့တွေနဲ့ချိတ်ဆက်ကာ ဇန်နဝါရီ ၁၀ ရက်မှာ ခေါ်ဆောင်နိုင်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
၂၀၁၅ ခုနှစ်ကတည်းက ရဲတပ်သားဖြစ်ခဲ့ပြီး လုပ်သက် ၁၀ နှစ်လောက်ရှိပြီဖြစ်တဲ့ အဲ့ဒီရဲတပ်သားဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်ကတည်းက ဘက်ပြောင်းခိုလှုံချင်ခဲ့ပေမယ့် အခုမှအခါအခွင့်သင့်လို့ ချိတ်ဆက်ခိုလှုံခဲ့တာလို့ ရဲတပ်သားရဲ့ ပြောကြားချက်ကို ပြန်ပြောပါတယ်။
" သူတို့အထဲမှာ ရဲဘက်နဲ့ စစ်ဘက်မကြေလည်တာတွေရှိတယ်လို့လည်း ပြောတယ်။ စစ်တပ်က သူတို့ရဲတပ်သားတွေကို အနိုင်ကျင့်ဗိုလ်ကျတာတွေရှိတယ်။ အဲဒီလိုတွေများလာတော့ တာဝန်မထမ်းဆောင်ချင်တာနဲ့ ဘက်ပြောင်းခိုလှုံလာတာ။" လို့ ရဲတပ်သားရဲ့ ပြောပြချက်ကို ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
ရဲတပ်သားနဲ့အတူ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ G3 ကျည် ၉၀ တောင့် ပါလာတဲ့အတွက် ကျပ်သိန်း ၃၀ ဆုချီးမြှင့်ပေးထားပြီး အေးအေးဆေးဆေးနေထိုင်ချင်တာကြောင့် သူ့ရဲ သဘောဆန္ဒအတိုင်း လုံခြုံတဲ့နေရာမှာ ထားရှိပေးထားတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဇန်နဝါရီ ၁၁ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်ဆီကို ဘက်ပြောင်းခိုလှုံလာသူ ရဲတပ်သားနဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၀ ဦးရှိပြီလို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မကွေး #ပေါက် #မြို့မရဲစခန်း #ရဲတပ်သား #ဘက်ပြောင်းခိုလှုံ
Share Share Share