၁ နှစ်စာ စားနပ်ရိက္ခာဖူလုံစေရန် အညာမြေပြောက်ကျားတပ်ဖွဲ့က သီးနှံများစိုက်ပျိုး
“အခုချိန်က မြေပဲနဲ့ ပဲစဉ်းငုံပဲ စိုက်ရသေးတယ်ဗျ။ မြေပဲကတော့ ဆီကြိတ်စားတယ်။ အခုဆို ဆီ ၁ ပိဿာ ၁၇,၀၀၀ ကျပ်တောင်ရှိတယ်။ အခုလို စိုက်ထားလိုက်တော့ ခြောက်လလောက်က ဆီကို ဝယ်မစားရတော့ဘူးပေါ့။ စစ်ရှောင်ပြည်သူတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးခဲ့တယ်။ ပဲစဉ်းငုံကတော့ ရန်ပုံငွေ အတွက် ပြန်ရောင်းရတာပေါ့။ ”