Nan Khan

စီလောင်ရွာက နေအိမ် ၃ လုံးကို စစ်တပ်ကမီးရှို့ပြီး အဘွားအိုတဦးပါ မီးထဲပါသေဆုံး

“အဘွားရဲ့အောက်တပိုင်းကတော့ မီးလောင်သွားတယ်။ အပေါ်ပိုင်းက ကျန်နေခဲ့တယ်။ သူတို့ အဘွားကိုမြင်ရက်နဲ့ပဲ မီးရှို့သွားတာလား၊ မမြင်ဘဲနဲ့ မီးရှို့သွားတာလားဆိုတာတော့ ကျနော်တို့လည်း ခန့်မှန်းမရဘူး။ အဘွားက သူ့သားအိမ်မှာနေတာ လူရော အိမ်ရော မီးရှို့သွားတာ”

ကန်နီရွာတိုက်ပွဲမှာ ပျူစောထီး ၂ ဦး အရှင်ဖမ်းမိ၊ သေဆုံးသူများလည်းရှိ (ရုပ်/သံ)

ကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒီနေ့ မနက် ၄ နာရီလောက်မှာ ရွာနားကိုကပ်ပြီး မနက် ၅ နာရီလောက်မှာတော့ စစ်ကြောင်း ၃ ကြောင်းခွဲလို့ RPG ၊ ၄၀ မမ တွေနဲ့ စတင်ပစ်ခတ်ခဲ့ရာက ပျူစောထီးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခွဲနီးပါး ဖြစ်ခဲ့ပြီး ပျူစောထီး၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဇီးကုန်းတိုက်နယ် နဲ့ ကိုးတောင်ဘို့တိုက်နယ်က လူနေအိမ် ၃၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

“ဌက်ပျောတိုင်းက မီးရှို့ခံရတာ တကြိမ်ပဲရှိသေးတယ်။ ရွာသားတွေရွာထဲကနေ ရှာင်နေတာ ၂ လကျော် လောက်ရှိပြီ။ အခုထိရွာထဲ ပြန်မဝင်နိုင်သေးဘူး။ သူတို့တွေက ပြည်သူတွေကို ဒုက္ခရောက်စေချင်လို့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ဝင်တဦးက ပြောပါတယ်။

မြောင်မြို့ရဲစခန်းနဲ့ စစ်ဗိုလ်နေထိုင်ရာအိမ်တို့ကို ဒရုန်းသုံးပြီးတိုက်ခိုက် (ရုပ်/သံ)

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ Shar Htoo Waw နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone တစီး နဲ့ ရဲစခန်းထဲကို ဗုံးသီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့သလို ရဲစခန်းရဲ့ ၂ အိမ်ကျော်မှာရှိတဲ့ စစ်ဗိုလ်တဦးရဲ့နေအိမ်ကိုလည်း Drone ဗုံးသီး ၁ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်း စစ်ကောင်စီဂိတ်စခန်း ၂ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး (ရုပ်/သံ)

“ Drone ၂ စီးနဲ့ သွားပစ်ခဲ့တာ၊ Drone ၁ စီး ဆုံးရှုံးခဲ့တယ်။ ငွေတွင်းရွာကို ချခဲ့တာက စကစဘက်က ၂ ယောက်သေတယ်။ လှတောဘက်မှာလည်း ထိခိုက်တာတော့ရှိတယ်။ အတိအကျမသိရသေးဘူး။ သူတို့ဘက်ကလူတွေထိလို့ စစ်**တွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြန်ပစ်တယ်”

ပေါက်မှာ ရွာသား ၆ ဦးကို စစ်တပ်က သတ်ခဲ့

“သူတို့တွေကို ရိုက်နှက်ပြီးမှ သတ်သွားတာ၊ သရက္ကန်ရွာသား ၂ ယောက်ကတော့ စစ်ကြောင်းနဲ့ တိုးပြီးတော့ အသတ်ခံလိုက်ရတာ။ မောင်အောင်မြင့်နိုင်ကို သူတို့က မသေမရှင် ရိုက်ပြီးတော့ထားခဲ့တယ်။ အဲနေ့မှာပဲ ဆုံးသွားတာ”

ယာကြီးပြင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

“ကျနော်တို့ဘက်က ၄၀ မမနဲ့ ပစ်လိုက်လို့ ဘန်ကာထိမှန်ပြီး ပျက်စီးတယ်။ မြေပြင်သတင်းအရ သေဆုံးမှုရှိတယ်။ လူနာတင်ကားတွေနဲ့လည်း လာသယ်တာရှိတယ်။ ဒီစစ်ဆေးရေးဂိတ်က ရေနံချောင်းမြို့အပိုင် စစ်ဆေးရေးဂိတ်ဖြစ်တော့ မြို့တွင်းမှာဖြစ်သွားတဲ့ မစ်ရှင်ဖြစ်တဲ့အတွက် စကစဘက်က သတင်းတွေ ဖုံးဖိထားတာရှိတယ်”

PDF ထောက်ခံတယ်ဆိုပြီး စစ်တပ်က ရွာကိုမီးရှို့၊ ကာကွယ်ရေးအဖွဲ့တွေ မီးငြှိမ်းပေးလို့ အိမ်အလုံး ၂၀ ခန့်သာ ပျက်စီး

“ကာကွယ်ရေးဘက်ကို ထောက်ခံလို့ဆိုပြီး ရွာကိုမီးရှို့တာ။ ဆန်တွေကိုလည်း ရွာထဲက လမ်းပေါ်မှာသွန်ချခဲ့တယ်။နေ့လယ်ချိန်လောက်ထိ ရွာထဲမှာတပ်စွဲထာပြီးမှ မီးရှို့သွားတာ”

မင်းဝံတောင်ရိုးတိုက်ပွဲ စစ်ကောင်စီအကျအဆုံးများလို့ လေကြောင်းပစ်ကူခေါ်ရ

“လေယာဉ်နဲ့က မင်းဝံတောင်ရိုးနေရာကိုပဲ ၁၇ ပတ်လောက်ပတ်ပြီး လာပစ်သွားတာ။ အခုချိန်ထိလည်း ထိတွေ့ပစ်ခတ်မှုက ဖြစ်နေတုန်းပဲ။ **တွေဘက်က တော်တော်ကျတယ်လို့ကြားတယ်”

ညအချိန် ရွာထဲပြန်လာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး

“ကျနော်တို့ သတင်းရရှိတဲ့အတွက် သွားရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ စကစ အဖွဲ့ဝင်တယောက်သေဆုံးသွားတာကိုတော့ ကျနော်တို့လုံးဝကို အတည်ပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ပစ်ခတ်မှုကလည်း အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်တဲ့အတွက် ဒီဖြစ်စဉ်က သေချာမှန်ကန်ပါတယ်” လို့ ပစ်ခတ်မှုမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်ခံရလို့ ၄ ဦးသေ၊ သေနတ် ၁ လတ်ရ

အောက်တိုဘာ ၂၆ ရက် ဒီနေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ ညောင်ပင်ကြီးရဲစခန်းကနေ အင်အား ၇ ယောက်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားဟာ ညောင်ပင်ကြီး ဇတ်ဆိပ်အရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးသွားသလို G3 ၁ လက် ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည်ထောင့် ၇ တောင့်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံး

“သူတို့က ရွာစာသင်ဆောင်မှာနေတာ ၄ လနီးပါးလောက်ရှိပြီ။ ဘယ်အဖွဲ့ကလဲဆိုတာတော့ ကျနော်လည်း မသိဘူး။ မနက်က ပစ်ခတ်မှုဖြစ်ပြီးတော့ ကျသွားတဲ့ ရဲဘော်အလောင်းကို အဖွဲ့တဖွဲ့က ကားနဲ့ လာသယ်သွားတယ်”

ကောလင်းမှာ အမျိုးသား ၂ ဦးကို စစ်အုပ်စုက သတ်ခဲ့

“တယောက်ကတော့ ကျနော်တို့မသိဘူး။ သူ့ကို ဘယ်ကနေဖမ်းလာတာလဲ ကျနော်တို့မသိဘူး။ အင်းမရွာသားကတော့ သုံးဘီးနဲ့ ကြက်စာလာကျွေးဖို့လာတဲ့အချိန် စစ်ကောင်စီတပ်သားတွေကို တွေ့ပြီး ပြန်လှည့်တဲ့အချိန်မှာ အပစ်ခံလိုက်ရတာ”

ကမ္မမြို့ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့ကနေထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း အောက်တိုဘာ ၂၂ ရက် မနေ့ကမနက် ၈ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ The Red Revolters တပ်ဖွဲ့ဆီက သိရပါတယ်။

ကျွဲ၊ နွားတွေကို ခိုးယူလာတဲ့ စစ်တပ်စစ်ကြောင်းကို PDF တွေ တိုက်ခိုက်

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးသွားသလို ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း တဦးဒဏ်ရာရခဲ့တယ်လို့ ULF အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10