ငါန်းမြာကြီးရွာကို လေကြောင်းသုံးတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

ငါန်းမြာကြီးရွာကို လေကြောင်းသုံးတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အဆောက်အဦအချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သြဂုတ် ၂၇ ရက် မနေ့ကနေ့လယ် ၁ နာရီခွဲလောက်မှာ တိုက်လေယာဉ်တစီးဟာ ငါန်းမြာကြီးရွာထိပ်မှာရှိတဲ့ စာသင်ကျောင်းကို အဓိကထားပစ်ခတ်သွားတာကြောင့် စာသင်ကျောင်းဆောင်တဆောင်နဲ့ နေအိမ်တချို့ပျက်စီးပြီး အသက် ၅၀ ကျော်အရွယ်အဖိုးတဦးနဲ့ အဖွားတဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“အဖိုးကြီး ၁ ယောက်ကတော့ ဒီအတိုင်းပဲ ဒဏ်ရာနဲ့သေသွားတယ်။ အဖွားကြီး။ ၁ ယောက်ကတော့ ဗုံးဒဏ်မခံနိုင်လို့ လေရိုက်ပြီးသေသွားတယ်။ နောက်ထပ်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ပြည်သူတွေက ပြေးချိန်တောင် မရလိုက်ဘူး။” လို့ ငါန်းဇွန်ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုအပြီး နာရီဝက်ခန့်အကြာမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိမှာ သေဆုံးခဲ့သူတွေကိုတော့ မြေမြှုပ်သင်္ဂြိုဟ်ပေးဖို့ ပြင်ဆင်ပေးနေတယ်လို့ ဆိုပါတယ်။

ငါန်းမြာကြီးကျေးရွာကို ခုလိုလေကြောင်းတိုက်ခိုက်ခံရတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့သြဂုတ် ၁၉ ရက်ကလည်း ငါန်းမြာကြီးရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ငါန်းမြာကြီး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10