ဘုတလင်နယ်ကို စစ်တပ်ကဗုံးကြဲလို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး ပျက်စီးမှုရှိ     ■ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဓမ္မာရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်

ဘုတလင်နယ်ကို စစ်တပ်ကဗုံးကြဲလို့ ဒေသခံ ၃ ဦးဒဏ်ရာရပြီး ပျက်စီးမှုရှိ  ■ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဓမ္မာရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်

 

စစ်ကိုင်တိုင်း၊ ဘုတလင်မြို့နယ်၊ မောင်းထောင်စံပြရွာကို အောက်တိုဘာ ၂ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရပြီး အဆောက်အဦတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

နေ့လယ် ၁ နာရီလောက်ကစတင်ပြီး ရွာရဲ့တိုက်နယ်ဆေးရုံ၊ အထကစာသင်ကျောင်း၊ ရွာလယ်ဓမ္မာရုံ၊ ရွာတောင်ဘက်ရှိဓမ္မာရုံ စတဲ့နေရာတွေကိုအဓိကထား ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ပြည်သူတွေက ရှောင်ချိန်မရလိုက်တာ။ ဂျက်ဖိုက်တာက ပြည်သူတွေ၊ သာသနာ့အဆောက်အအုံတွေ စာသင်ကျောင်းတို့ ဆေးရုံတွေကို တိုက်ခိုက်တာဆိုတော့။ အမှတ်မထင်ပေါ့ဗျာ။” လို့ ဘုတလင်နယ်ခံတဦးက ပြောပါတယ်။

မိတ္တီလာရှမ်းတဲလေတပ်ဘက်ကလာတဲ့ MiG 29 လေယာဥ်က ဗုံးကြဲချခဲ့တာကြောင့် အသက် ၂၀ အရွယ် ကိုချင်းပေါင်း၊ ၆၀ အရွယ် ဒေါ်ရွှေစိန်နဲ့ မြေးဖြစ်သူ ၅ နှစ်အရွယ်ကလေး ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်နဲ့ ဆေးရုံလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

အိမ်ခြေ ၉၅၀ ဝန်းကျင်ရှိတဲ့ မောင်းထောင်စံရွာဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မှာဖြစ်ခဲ့တဲ့ ကူတော်ရွာတိုက်ပွဲကြောင့် ဒေသခံတွေဟာကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ခုဒဏ်ရာရသူတွေကလည်း ရွာထဲကိုခေတ္တပြန်လာသူတွေဖြစ်ပါတယ်။ 

ဒါ့အပြင် ကူတော်၊ ဆည်ကုန်း၊ ဆည်ဝ၊ စီပါ၊ ကတိုး အစရှိတဲ့ကျေးရွာက ဒေသခံသောင်းချီလောက်လည်း လက်ရှိအချိန်ထိ ကျေးရွာတွေထဲကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်တာမရှိသေးဘူးလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကလည်း မိတ္ထီလာရှမ်းတဲဘက်ကလာတဲ့ ဂျက်ဖိုက်တာတစီးဟာ ဘုတလင်မြို့နယ်၊ စီပါရွာ အနီးဝန်ကျင်ကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #လေကြောင်းတိုက် #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10