အိမ်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ် ရှိ ရွှေဇာလီဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Freedom Revolution Force(FRF)အဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်  နေ့လယ် ၁၁ နာရီခွဲလောက်မှာ ဒီပဲယင်း၊ မြို့မရပ်ကွက်မှာရှိတဲ့နေအိမ်ကို မီးရှို့နေစဉ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ၁ နာရီဝန်းကျင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦးထိမှန်သွားတယ်လို့ ဆိုပါတယ်။

"မီးရှို့တာ အိမ်ခြေ ၁ လုံးပဲရှို့ပြီးတော့ ကျနော်တို့ နဲ့ ထိတွေ့မှုဖြစ်တာ။ အပြန်အလှန်ပစ်ခတ်မှုအတွင်း ဒဏ်ရာရတာတော့ ၃ ယောက်ရှိတယ်။ လဲကျပြီးအော်နေတာ ဘန်ကာအရှေ့ကနေဆွဲသွားတာ မြင်လိုက်တယ်။" လို့ Freedom Revolution Force(FRF) အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အင်အား ၈၀ ဝန်းကျင်နဲ့ ရွှေဇာလီကုန်းပေါ်မှာတပ်စွဲထားတာ အာဏာသိမ်းကတည်းကဖြစ်ပြီး ပြည်သူတွေဟာလည်းမြို့ပြင်တွေနဲ့ အခြားနီးစပ်ရာကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်နေကြတယ်လို့ FRF တပ်ဖွဲ့ဝင်က ဆိုပါတယ်။

တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်၂၄ တပ်ရင်း (FRF)နဲ့ အတူ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၄ နဲ့ တိုက်နယ် ၅ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ရွှေဘိုခရိုင်အမှတ်၂၄တပ်ရင်း - Freedom Revolution Force (FRF) အဖွဲ့ဟာ ပြီးခဲ့နှစ် နိုဝင်ဘာ ၁၂ ရက်ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇကျမ်းရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဒီပဲယင်း #ရွှေဇာလီ #စစ်ကောင်စီတပ်ဖွဲ့ #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10