ကျောက်ကြီးနယ်၊ ခူသေစိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကျောက်ကြီးနယ်၊ ခူသေစိုးစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒို) မြို့နယ်အတွင်းမှာ နှစ်ပေါင်း ၅၀ နီးပါးတပ်စွဲထားတဲ့ ခူသေစိုးစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ဇန်နဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါစခန်းကို ဒီဇင်ဘာ ၃၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ရက်အကြာ ဇန်နဝါရီ  ၅ ရက်မှာ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ပြီး တပ်သားတချို့ ထွက်ပြေးလွတ်မြောက်သွားကာ စခန်းအတွင်းမှ ၈၁ မမ စိန်ပြောင်း ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ KNLA ပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲပေါင်း ၄၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၈ ဦးသေဆုံးကာ ၁၃ ဦးထိမှန်ဒဏ်ရာရရှိခဲ့သလို ကူးဆိပ်စခန်းနဲ့ မာထောစခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီတပ် #KNLA #သိမ်းပိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10