သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုရပ်ကွက်က မိသားစုဝင် ၅ ဦးကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်သွားပြီး လသားကလေး ၁ ဦးသာချန်ကာ ၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အသတ်ခံရသူတွေဟာ ရှမ်းစုရပ်ကွက်နေ ဦးဖိုးချိုနဲ့ ၎င်းရဲ့ဇနီး၊ ခယ်မနဲ့ သမီးဖြစ်သူတို့ဖြစ်ပြီး ဇန်နဝါရီ ၄ ရက် ည ၈ နာရီလောက်မှာ ကျွန်းလှမြို့ပေါ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရှမ်းစုရပ်ကွက်ရှိ ပျူစောထီးပူးပေါင်းအင်အား ၃၀ ခန့်က ၎င်းရဲ့နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
" သူတို့ကိုခေါ်သွားတာ လူသတ်ကွင်းလို့ ခေါ်တာ အဲ့မှာသတ်သွားတာ။ စစ်တပ်ဘက်ကောင်တွေရဲ့ ဒလန်တွေရှင်းတဲ့နေရာပေါ့ဗျာ” လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ ကျွန်းလှမြို့ခံတဦးက ပြောပါတယ် ။
ဦးဖိုချိုနဲ့မိသားစုကို စစ်ကောင်စီပူးပေါင်းတပ်တွေက ဇန်နဝါရီ ၄ ရက် ညပိုင်းမှာပဲ ရှမ်းစုရပ်ကွက်နဲ့ ၇ မိုင်ခန့်အကွာ ဆားကျင်းရွာပြင်ရှိ သုဿာန်အနီးက ဒေသပျူစောထီးအဖွဲ့အခေါ် “လူသတ်ကွင်း” ကို ခေါ်ဆောင်သတ်ဖြတ်ခဲ့တာဖြစ်ပြီး နောက်တနေ့မနက်မှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို သက်ဆိုင်တဲ့ဆွေမျိုးတွေကကောက်ယူ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေထံ ဒလန်(စစ်ကောင်စီတပ်ဖွဲ့သတင်းတွေပေးပို့သူ) လုပ်တယ်ဆိုကာ စွပ်စွဲပြီး ဦးဖိုးချိုနဲ့မိသားစုကို သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေကပြောဆိုကြပြီး ဘာကြောင့်အသတ်ခံရတယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး နောက်ထပ်ကျွန်းလှမြို့ခံ ၂ ဦးကလည်း မိသားစုလိုက်အသတ်ခံရတဲ့ ဖြစ်စဥ်မှန်ကန်ကြောင်း အတည်ပြုပါတယ်။
စစ်ကောင်စီတပ်နဲ့ ရှမ်းစုရပ်ကွက်ပျူစောထီးအဖွဲ့တွေဟာ ဦးဖိုချိုနဲ့မိသားစုကို သတ်ဖြတ်ပြီးတဲ့နောက် ကျန်ရှိနေတဲ့ လသားကလေးကို ရှမ်းစုရပ်ကွက်ကို ပြန်ခေါ်လာကာ ရပ်ကွက်အတွင်းက နေအိမ်တခုထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ကန့်ဘလူ၊ ကျွန်းလှ ပျူစောထီးတပ်ဖွဲ့ဝင်များ။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ကန့်ဘလူ #ကျွန်းလှ #ပျူစောထီး #သတ်ဖြတ်
Share Share Share