ခလရ ၂၈၈ က စစ်မှုထမ်းသင်တန်းဆင်းတပ်သား ၂ ဦး လက်နက်နဲ့အလင်းဝင်

ခလရ ၂၈၈ က စစ်မှုထမ်းသင်တန်းဆင်းတပ်သား ၂ ဦး လက်နက်နဲ့အလင်းဝင်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ခမောက်ကြီးမြို့အခြေစိုက် ခလရ ၂၈၈ က စစ်မှုထမ်းသင်တန်းဆင်းတပ်သား ၂ ဦး လက်နက်နဲ့ တကွအလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အလင်းဝင်လာသူ ၂ ဦးဟာ စစ်မှုထမ်းသင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်နေစဉ် ၁ လခန့်အကြာမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၉ ထံ MA 1 သေနတ် ၁ လက်နဲ့ MA 3 သေနတ် ၁ လက်ကို ယူဆောင်လာပြီး အလင်းဝင်ခဲ့တာဖြစ်ပါတယ်။

အခုလို လက်နက်နဲ့ အလင်းဝင်လာတဲ့ ကျော်မင်းဦး ၂၅ နှစ်နဲ့ မင်းမင်းဇော် ၂၄ နှစ်တို့ကို တပ်ရင်း ၉ က ၁ ဦးကို ဆုကြေးငွေ ကျပ် ၁၀ သိန်းခန့် ချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်မှာဖော်ပြထားပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေကို  နည်းလမ်းမျိုးစုံနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းလျက်ရှိပြီး စစ်သင်တန်းကာလ ၃ လခန့်သာ တက်ရောက်ထားတဲ့ ပြည်သူတွေကို ရှေ့တန်းပို့ စေလွှတ်တာမျိုးတွေ ပြုလုပ်လျက်ရှိပါတယ်လို့ ဆိုပါတယ်။ 

အခုလို အတင်းအဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ တာဝန်တွေကို ထမ်းဆောင်တာမျိုးမလုပ်ဘဲ မိမိတို့တာဝန်ကျရာနယ်မြေအနီးရှိ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်ချ အလင်းဝင်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၇ ဦးထိမှန်သွားသလို နေအိမ် ၆ လုံးလည်း ထိမှန်ပျက်စီးသွားပါသေးတယ်။

စာတည်း -လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကျောက်ကြီး #ခမောက်ကြီး #ခလရ၂၈၈ #စစ်မှုထမ်း #KNLA 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10