ပျူစောထီးလက်ထဲ ပျက်စီးသွားခဲ့ရသည့် ကြာပိုင်ကျေးရွာ ငြိမ်းချမ်းရေး (ရုပ်သံဆောင်းပါး‌)

 

(မြေလတ်အသံသတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအား ရုပ်သံဆောင်းပါးအဖြစ် ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။)

ကြာပိုင်ကျေးရွာသည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် ၆ မိုင်အကွာ၊ မုံရွာမြို့နှင့် ချောင်းဦးမြို့ကြားက အိမ်ခြေ ၈၀၀ ကျော်ရှိသည့် ကျေးရွာကြီးဖြစ်သည်။ ရွာချင်းကပ်လျက်တွင် စစ်တပ်ကတပ်စွဲထားပြီး ပျူစောထီးအများစုရှိသည့် နာမည်ကြီး တောပုရွာရှိသည်။ 

ရွေးကောက်ပွဲကာလက ကြာပိုင်ကျေးရွာတရွာလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသည့်ကျေးရွာဖြစ်ခဲ့သည်။ သို့သော် စစ်တပ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်တော်လှန်ရေးများဖြစ်ပွားပြီး စစ်တပ်ထောက်ခံသည့် ပျူစောထီးတပ်ဖွဲ့များ ပေါ်ပေါက်လာသည့်အခါမှာတော့ ကြာပိုင်ကျေးရွာသည် ရွာချင်းကပ်လျက်က ပျူစောထီးများရှိရာ တောပုရွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးဖြင့် အဆင်ပြေအောင် နေခဲ့ကြသည်။ 

ရွာ ၂ ရွာကြား ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့သော်လည်း တောပုရွာမှ ပျူစောထီးများသည် ၎င်းတို့ စိတ်မထင်ရင် မထင်သလို ကြာပိုင်ကျေးရွာခံများ၏နေအိမ်များအတွင်း ဝင်ရောက်ကာ ပစ္စည်းယူခြင်း၊ နေအိမ်တချို့ကို မီးရှို့ခြင်းမျိုး လုပ်တတ်သည်။ ကြီးကြီးမားမားပျက်စီး ဆုံးရှုံးတာမျိုးမရှိခဲ့။ အဆိုးဆုံးအနေဖြင့် ကြာပိုင်ကျေးရွာသားတဦး နေအိမ်ပေါ်မှာ သေနတ်ဖြင့် အပစ်ခံရခြင်း တခုသာရှိခဲ့သည်။ 

သို့သော် တောပုကျေးရွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ပြီး ငြိမ်းချမ်းလိုသည့် ကြာပိုင်ကျေးရွာသားများ၏ ငြိမ်းချမ်းရေးသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း တောပုကျေးရွာက ပျူစောထီးများ၏ အငြိုးအာဃာတအောက်တွင် ပျက်စီးခဲ့ရသည်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #ကြာပိုင်ရွာ #ပျူစောထီး #မုံရွာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10