သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဖက္ကနားရွာကနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ထိတွေ့မှုမရှိဘဲ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း PPC တပ်ဖွဲ့ဆီက သိရပါတယ်။
ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ ၂၂ ကနေ အင်အား ၃၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်ရုံ နဲ့ ၃ မိုင်ကျော်လောက်ဝေးတဲ့ ဖက္ကနားရွာထဲကို ဒီဇင်ဘာ ၂၆ ရက် မနေ့က မနက် ၁၀ နာရီခွဲကျော်လောက်မှာ လက်နက်တွေပစ်ဖောက်ပြီးဝင်ရောက်လာခဲ့တာပါ။
အဲဒီနောက် ဖက္ကနားရွာက နေအိမ် ၄၃ လုံး၊ ဆိုင်ကယ် ၁ စီး၊ လှည်း ၁ စီးတို့ကိုလည်းမီးရှို့ဖျက်ဆီးပြီး နေ့လယ် ၁ နာရီကျော်လောက်မှာတော့ ကပစ ၂၂ ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။
“ပြည်သူတွေက ကြိုရှောင်ထားကြတော့ဖမ်းဆီးခံရတာတွေမရှိဘူး။ သူတို့ကတဲတိုက်တွေဗျ။ ဟိုနားတစုဒီနားတစုနေတာ။ လယ်ယာမြေရှိတဲ့နားလေးတဝိုက် အဲ့လိုဆောက်ထားတဲ့အိမ်မျိုးတွေ အခုလို မီးရှို့ခံရတာပထမအကြိမ်ပဲ။ မီးရှို့လို့ရတဲ့ဟာမှန်သမျှအကုန်ရှို့သွားတာ၊ အိမ်မှာရှိတဲ့ ဒန်အိုးဒန်ခွက်တွေက အစရှို့တာ” လို့ ပခုက္ကူခရိုင် အမှတ်-၁၁ တပ်ရင်း PPC ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အခုလိုမီးရှို့ဖျက်ဆီးတာဟာ ကပစ ၂၂ ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်တဲ့အချိန်မှာ စစ်ကောင်စီဘက်က မြင်ကွင်းရှင်းအောင်မြင်ရဖို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချင်တဲ့သဘောနဲ့ စစ်ကောင်စီတပ်သားတွေက အခုလိုမီးရှို့ဖျက်ဆီးတာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။
“တော်လှန်ရေးအဖွဲ့တွေက သူတို့နယ်နိမိတ်ထဲအထိမိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ ချတာတွေရှိတယ်။ ထိတွေ့မှု အသေးစားလေးတွေပေါ့ဗျာ။ လက်နက်ကြီးနဲ့ထုတာတွေတော့ရှိတယ်။ ဒါပေမဲ့ ဖက္ကနားရွာထဲမှာ လုပ်တာတော့မဟုတ်ဘူး။ သူတို့ လမ်းကြောတလျှောက်မှာ တဲတွေမီးရှို့တာတွေ အိမ်တွေကိုဖယ်ခိုင်းတာတွေ၊ မီးရှို့တာတွေရှိတယ် မြင်ကွင်းလင်းရှင်းအောင် နယ်မြေရှင်းလင်းရေး လုပ်တဲ့ပုံစံပေါ့ ” လို့ အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
လက်ရှိအချိန်ထိ ဖက္ကနားရွာက ဒေသခံတချို့သာကျေးရွာထဲပြန်လည်နေထိုင်ကြပြီး သက်ကြီးရွယ်အို တချို့နဲ့ ရွာသားအများစုကတော့ တောတွေထဲမှာနေထိုင်နေကြသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကလည်း ကပစ ၂၂ ကနေထွက်လာတဲ့ စစ်ကား ၂ စီးကို ကူရှည်ကျေးရွာ အနောက်ဘက် သပိတ်သပင်လမ်းခွဲအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကား ၁ စီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ဆိပ်ဖြူ #နေအိမ် #စစ်တပ် #မီးရှို့
Share Share Share