ရင်ငြိမ်း

နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်လို့ အာဆီယံဥက္ကဌနေရာကို လက်လွှတ်ခဲ့တာလို့ စစ်ကောင်စီပြော

နိုင်ငံတည်ဆောက်နေတဲ့ကာလဖြစ်တာကြောင့် အလှည့်ကျအာဆီယံဥက္ကဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံထံ လွှဲပြောင်းပေးခဲ့တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုလာပါတယ်။

လူတစုရဲ့ မိုက်မဲမှုကို လူအများခံနေရတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြော

စစ်အာဏာသိမ်းပြီးတဲ့နောက် နေရာဒေသအနှံ့အပြားမှာ ခုခံတော်လှန်တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေကြောင့် လူသန်းချီနေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။

ရာထူးကဖယ်ရှားခံရတယ်လို့ သတင်းထွက်နေတဲ့ ရေတပ်ချုပ် ဗိုလ်ချုပ်ကြီး မိုးအောင် ကို  လူမြင်ကွင်း ထုတ်ပြ (ရုပ်/သံ)

ရာထူးကနေဖယ်ရှားခံရတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ အစည်းအဝေးပွဲမှာ ခေါ်ဆောင်ပြီး လူမြင်ကွင်းကို ထုတ်ပြလာပါတယ်။ ဩဂုတ် ၂၇ ရက် မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုဂံဘုရားခရီးစဉ်နဲ့ နေပြည်တော်၊ မာရဝိဇယဘုရားနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဦးစီးပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မိုးအောင် တက်ရောက်ခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းရုပ်သံမှာ ထုတ်လွှင့်လာတာဖြစ်ပါတယ်။

We are soldiers သီချင်းသီဆိုခဲ့သူ ဗိုလ်မှူး နိုင်နိုင်ထွန်း စစ်တိုက်ဖို့ငြင်းဆန်လို့ ဖမ်းခံထားရ

“ စကခ ၂၁ အောက် ဗန်းမော်ဂွင်ထဲမှာဘဲဖြစ်တာ။ သူ့စစ်ကြောင်းက အင်အားမမျှလို့ မတိုက်ဘူးပြောတာ။ ရှေ့ ဆက်မတိုးလို့ဆိုပြီးတော့ စစ်ဆင်ရေးရှောင်လွှဲမှုနဲ့ အခု မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ) ထဲမှာ အစစ်ခံနေရတယ်”

မကွေး ခမရ ၃၀၁ နဲ့  ၃၁၇ တပ်ရင်းမှူးတွေ အမိန့်ဖီဆန်မှု၊ တာဝန်ရှိမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

တပ်မ ၈၈ ထိုးစစ်ဆင်နေတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်အတွင်းမှာ ခမရ ၃၀၁ ယာယီ တပ်ရင်းမှူး စစ်တက္ကသိုလ်အပတ်စဉ် ၄၆ ဆင်း ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ဇေယျာထွန်း ဟာ စစ်ခေါင်းဆောင်တွေရဲ့ စစ်ရေးအမိန့်ညွှန်ကြားမှုကိုဖီဆန်ခဲ့လို့ ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်းအတွင်း ပြီးခဲ့တဲ့ဇွန်လက ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ထောင်အနှစ် ၂၀ ချမှတ်ခံခဲ့ရတယ်လို့ CDM တပ်မတော်သားတွေနဲ့စုဖွဲ့ထားတဲ့ ပြည်သူ့ပန်းတိုင် - People's Goal က ထုတ်ပြန်ထားပါတယ်။

ပြည်မြို့ ၉၅၉ တပ်က စစ်သား ၂ ဦးထွက်ပြေးလို့ ဖခင်ကိုဖမ်းဆီးထား၊ တပ်ပြေး ၉ ဦးထိရှိပေမယ့် တပ်မှူးကစာရင်းလိမ်

“ တပ်သား ကိုကိုအောင်နဲ့ သူနဲ့ညီအကိုတော်တဲ့သူ ၂ ယောက်ထွက်ပြေးသွားလို့ သူတို့ကိုရှာတာမှာ အိမ်ပြန်လာသလားဆိုပြီး ပန်းတောင်းဘက် သူတို့ဇာတိရွာကို သွားရှာပြီး မတွေ့တာနဲ့ အဖေ ဖြစ်သူကို ဖမ်းခေါ်လာတာ”

ဘုရားတည်ပေးခဲ့တဲ့ လက်နက်ထုတ်လုပ်ရေး ဒု - အရာရှိချုပ် ဗိုလ်ချုပ်ကိုကိုလွင် ကို စွမ်းအင်ဝန်ကြီး ခန့်

“နဂိုကြားတာက ဘုရားတည်ပြီးတာနဲ့ ထုတ်ချုပ် နားရမယ်လို့ကြားထားတာ။ ခုက ဒုထုတ်ချုပ် ချိန်း သွားတာ။ သူက စွမ်းအင်ဘက် ရောက်သွားတာ။ သူ့နေရာကို ဗိုလ်ချုပ် ရဲအောင် ရောက်မယ်ထင်တယ်” လို့ ပဲခူးတိုင်းအတွင်းရှိ ကပစတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးပိုင်အမြတ်ငွေမရသေးလို့ တပ်မိသားစုဝင်တွေစိတ်ပျက်၊ အများပိုင်ဖြစ်လို့ လုပ်ငန်းစဉ်တွေအရ ကြန့်ကြာနေတာလို့ စစ်ကောင်စီပြော

“ပြီးခဲ့တဲ့ ဇွန်လထဲက မျှော်ရတာပေါ့၊ ၂ လကျော်လောက်ရှိနေပြီ။ လဆန်းကနေ လလယ်၊ လလယ် ကနေ လကုန် အမျိုးမျိုးတော့ပြောနေကြတာဘဲ။ စိတ်ကတော့ ပျက်တာပေ့ါလေ။ ပျက်လို့သာ ပျက်ရတာ အရင်ကလည်း ဒီထက်မက နောက်ကျတာဘဲဆိုတော့”

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာမရှိဘူးလို့ စစ်ကောင်စီပြော

ဩဂုတ် ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၂ ကြိမ်မြောက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုသတင်းတွေနဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ပေါ်ပေါက်လာဖို့ ရှိ၊ မရှိ မေးမြန်းမှုအပေါ် အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နေရာဒေသအများစုမှာ နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေး တည်ငြိမ်အောင်လုပ်နိုင်ပြီလို့ စစ်ခေါင်းဆောင်ပြော

လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိတဲ့ ပါတီကို အာဏာပြန်လွှဲပေးနိုင်ဖို့ နိုင်ငံတဝန်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားနေတယ်လို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

တိုင်းမှူး၊ ကစထမှူးများအတွက် ချောက်ကမ်းပါး တော်လှန်စစ်နယ်မြေများ (ဆောင်းပါး)

အာဏာသိမ်းမှုကို ခုခံတွန်းလှန်တဲ့ တော်လှန်စစ်ကြောင့် စစ်ကောင်စီတပ်ဟာ တိုင်းပြည်နေရာအနှံ့ စစ်မျက်နှာတွေဖွင့်ထားလိုက်တဲ့အခါ စစ်ဆင်ရေးတွေကို ကိုင်တွယ်ရတဲ့ တိုင်းမှူး၊ တပ်မမှူးနဲ့ ကစထမှူးတွေဟာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အရင်ကလို အရသာမခံနိုင်ကြတော့ဘဲ အထက်အောက် ဖိအားတွေနဲ့သာ ဘေးကျပ်နံကျပ်ဖြစ်ကုန်ကြပါတယ်။ လက်ရှိကာလမှာ နယ်မြေစစ်ဆင်ရေးတွေကို အဓိက ကိုင်တွယ်ရတဲ့ စစ်တိုင်းမှူး၊ ကစထမှူးတွေ မကြာခဏဆိုသလိုဖြုတ်ချခံနေရတာကြောင့် စစ်တိုင်းမှူးနေရာဟာ ကြိုးတန်းလမ်းလျှောက်ရသလိုဖြစ်နေပြီး အစားထိုးရောက်ရှိလာမယ့် တိုင်းမှူးအသစ် စစ်ဗိုလ်ချုပ်တွေအတွက်လည်း အိမ်မက်ဆိုးတခုလိုဖြစ်နေပြီလို့ CDM အသိုင်းအဝိုင်းကပြောပါတယ်။

စစ်လေ့ကျင့်ရေးကျောင်းအုပ်ကြီးအသွင်ပြောင်း အကျဉ်းဦးစီးညွှန်ချုပ်က နိုင်၊ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေ

"လေ့ကျင့်ရေးကျောင်းနဲ့ထောင်က သိပ်မထူးဘူးလေ။ စစ်တပ်သင်တန်းသားကလည်း ထောင်သားလိုဘဲ နေထိုင်ရတာ။ ထောင်မှာ အလုပ်လုပ်ရသလိုဘဲ၊ သင်တန်းကျောင်းမှာလည်း ဖက်ထိတ်လုပ်ရတာဘဲ။ ထောင်ကတောင် ထမင်းနပ်မှန်ဦးမယ်။ အဲ့ဒါကြောင့် လေ့ကျင့်ရေးကျောင်းအုပ်ကြီး ကို ပို့တာနေမှာ" လို့ CDM တပ်မတော်သားအရာရှိတဦးက ပြောပါတယ်။

တပခတိုင်းမှူး ရာထူးတိုးနဲ့ နေပြည်တော်ကိုပြောင်းရွှေ့၊ ပြည် ဒကစမှူး နေရာကိုလည်း အပြောင်းအလဲလုပ်

လေ့ကျင့်ရေးအရာရှိချုပ်ဟာ စစ်ဦးစီးလက်ရုံးဝန်ထမ်းတပ်တွေဖြစ်တဲ့ လေ့ကျင့်ရေးကျောင်း၊တပ်တွေကို ကွပ်ကဲရတာဖြစ်ပြီး ယခင် လေ့ကျင့်ရေးအရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ်ပြောင်းရွှေ့သွားတဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကစတင်လို့ အဲ့ဒီလေ့ကျင့်ရေးအရာရှိချုပ် နေရာဟာ လစ်လပ်နေ တာဖြစ်ပါတယ်။

ကရင်နီမြေမှ အိမ်မပြန်နိုင်တော့တဲ့ တပ်မ ၆၆

ဒီ၂ နှစ်ကြာ တိုက်ပွဲတွေမှာ တပ်မ ၆၆ လက်အောက်ခံစစ်သားတွေဟာ ထိခိုက်သေဆုံးဒဏ်ရာရတာ၊ CDM လုပ် ဘက်ပြောင်း ခိုလှုံတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာတွေကြောင့် ဖွဲ့စည်းပုံပျက်သွားစေတဲ့အထိ အင်အားပြုန်းတီးမှု အလွန်များနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

နေပြည်တော် အကြမ်းဖက်နှိမ်နှင်းရေးသင်တန်းက အမျိုးသမီးစစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ထွက်ပြေး

“ သူတို့သင်တန်းတက်ဖို့ အရွေးခံရပြီး နေပြည်တော် မိုးဆွေသင်တန်းကျောင်းကို ရောက်တာ သိပ်မကြာသေးဘူးလို့သိရတယ်။ အဲ့ဒီသင်တန်းဝင်ခွင့်ရဖို့က ဆေးပြန်စစ်ရတယ်။ သိုက်ချောင်း ကုတင် ၁၀၀၀ ကို ဆေးစစ်ဖို့သွားတာကနေ ဆေးစစ်ဖို့ စောင့်နေကြတုန်း ဆေးရုံကနေထွက်ပြေးသွားတာ “

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10