ရင်ငြိမ်း

အချုပ်သားနဲ့ကင်းသမားထွက်‌ပြေးမှုမှာ တာဝန်ကျကင်းတွဲစစ်သား ၂ ဦးနဲ့ အရာရှိ ၁ ဦး ဖမ်းဆီးခြိမ်းခြောက်ခံထားရ

“ဖြစ်တာကသူတို့ ကင်းချိန်မှာဖြစ်တာတော့မဟုတ်ဘူး။ ကင်းမှူးနဲ့ဒုကင်းမှူးက ညဦးပိုင်းစောင့်ရတာ။ ထွက်ပြေးတာက အချုပ်သားနဲ့သူတို့အောက်က ကင်းကျတဲ့သူတွေထွက်ပြေးတာဆိုတော့ တာဝန်ပေါ့လျော့တယ်ဆိုပြီး သူတို့ကိုဖမ်းထားတာ” လို့ ပြောပါတယ်။

ခလရ ၁ က လက်နက်တွေနဲ့ထွက်ပြေးတဲ့ တပ်သား ၁ ဦးပြန်အဖမ်းခံရပြီး အသတ်ခံရ

“အချုပ်ကျနေတာက သာယာဝတီ ခလရ ၃၅ တပ်က တပ်ကြပ်ကြီး၊ ပဲခူးရိုးကို စစ်ကြောင်းထိုးထွက်မယ်ဆို ပဲခူးအနောက်ခြမ်းက တပ်တွေက ခလရ ၁ မှာ စုရတာဆိုတော့ ခလရ ၁ မှာ လာတွဲဖက်နေရင်းကနေ အချုပ်ကျနေတာ။ အဲ့တာကို ဗဟိုကင်းစောင့် ၂ ယောက်က ကယ်ထုတ်ပြီး ၃ ယောက် အတူတူပြေးကြတာ။ နောက်တရက်မှာပဲ ပဲခူးရိုးထဲကရွာနားမှာ တပ်သား ၁ ယောက် ပြန်မိတယ်”

စစ်တပ်က စွန့်လွှတ်ပြီးသား တပ်ပိုင်မြေတွေရဲ့ ပိုင်ဆိုင်မှု ပုံစံ-၇ကို ပြန်အပ်ခိုင်း

“ဒီမြေတွေက ဦးသိန်းစိန်လက်ထက်မှာ တောင်သူတွေ အမှန်တကယ် စိုက်ပျိုးမြေတွေဖြစ်လို့ တပ်ပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ခဲ့ပြီး သူ့မူရင်းပိုင်ရှင်တွေကို တရားဝင်ပြန်လွှဲထားတဲ့ မြေတွေ။ ခုလို ပုံစံ ၇ ပြန်အပ်ခိုင်းတာက တပ်ပိုင်မြေအဖြစ် ပြန်သိမ်းဖို့ ပြင်ဆင်နေတာလို့ ယူဆပါတယ်”

ခလရ ၁ တပ်က တပ်သား ၃ ဦး သေနတ်တွေယူထွက်ပြေးလို့ ပစ်မိန့်ပေးဖမ်းခိုင်း

“အချုပ်စောင့်တဲ့ဗဟိုကင်း ကင်းသမား ၂ ယောက်ရယ်၊ အချုပ်သားတယောက်ရယ် မနက် ၃ နာရီလောက်ကြီး ထွက်ပြေးသွားတာ။ ခလရ ၁ က တောအစပ်မှာဆိုတော့ပြေးလို့လွယ်တယ်။ သေနတ်တလက်စီ ပါသွားတယ်”

ခလရ ၁ တပ်သားက အငြိမ်းစားဗိုလ်ကြီးရဲ့သမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်

"ရေစက်တန်းလမ်းဆိုတာ အဲ့နားမှာလည်း စစ်တပ်အငြိမ်းစားတွေချည်းပဲ နေကြတာ။ ခလရ ၁ နဲ့ အဲ့ဒီနေရာနဲ့က လမ်းပဲခြားတယ်။ အဲ့ဒီရက်ပိုင်းက မိဘတွေက ခရီးထွက်နေတဲ့အချိန် အိမ်နီးနားချင်းတွေနဲ့ အပ်ထားခဲ့တာ။ အဲ့ဒီအချိန်မှာ ထွန်းနိုင်က ခလေးမလေးကို မုဒိန်းဝင်ကျင့်တာ။ သူလုပ်တာက ၃ ကြိမ်တောင်ဆိုတော့ အဲ့ဒီအိမ်ကို အဝင်၊အထွက်ထူးခြားနေတာကို သတိထားမိပြီး နောက်ဆုံးအကြိမ်မှာ ဘေးအိမ်နီးချင်းတွေက အိမ်ထဲဝင်ကြည့်တော့ အဲ့ဒီလို တန်းလန်းကြီးမိတာ"

ကြေးနီတင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ ကြိမ် မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ကြေးနီတွေ တင်ဆောင်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦး - မြင်းမူလမ်းပိုင်းမှာ မတ်လ ၁၀ ရက်နေ့လယ် ၁ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်တပြက်စွန်ညိုပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။

PDF နဲ့ Facebook မှာသူငယ်ချင်းဖြစ်လို့ဆိုပြီး ငဖဲက အရှိုချင်းအမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးထား

“သူက အာဏာမသိမ်းခင်ထဲက ကျနော်တို့သူငယ်ချင်းပေါ့နော်၊ ကျနော်နဲ့ဟိုအရင်ထဲက ဖေ့ဘွတ်မှာ Fri ဖြစ်တာပေါ့။ အဲ့ဒီနေ့က ကျနော်ကPDFယူနီဖောင်းနဲ့ ဖေ့ဘွတ်မှာပုံချိန်းလိုက်တော့၊ မြို့စစ်ဆေးရေးဂိတ်မှာ သူ့ဖုန်းကိုစစ်တဲ့အချိန် ကျနော်နဲ့ဖရန့်ဖြစ်နေလို့ဆိုပြီး ဖမ်းသွားတာလို့သိရတယ်။ သူက ကျနော်တို့ကိုထောက်ပံ့တာမျိုးမရှိသလို၊ တော်လှန်ရေးလုပ်တာမျိုးလည်းမရှိဘူး” လို့ ပြောပါတယ်။

စစ်တပ်ဗိုလ်မှူးပိုင် ရွှေတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ကို PDF က ဝင်ရောက်ပိတ်ပင်ခဲ့

“ဒီရွှေလုပ်ကွက်က အရင်ထဲကတော့ လုပ်နေတာရှိတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီနဲ့ ပေါင်းပြီး ပေါ်ပေါ်တင်တင်တွေ လုပ်လာပြီးတော့ စကစထောက်တိုင်အဖြစ်ရပ်တည်နေတာ။ နောက်ပြီး ဒီလုပ်ကွက်အတွက် လုံခြုံရေးဆိုပြီး စစ်တပ် တပ်စိတ် ၁ စိတ်ကို တလ သိန်း ၃၀ လောက်ပေးပြီး ခေါ်ထားတာတွေ ရှိတယ်။ စစ်ကြောင်းထိုးဖို့ဆိုလည်း သူတို့ကုမ္ပဏီကားတွေ သုံးပြီးလိုက်ပို့တာ။”

စစ်ကားမှောက်ခဲ့တဲ့ ပဲခူးရိုးပေါ်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဖို့ ကားတွေထပ်တက်သွား

“မနေ့က ကားမှောက်လို့သေတဲ့ စကစ ဗိုလ်မှူးက ဒီမင်းလှ၊ သရက်တပင်တာဆုံမှာ KTV မယ်တွေနဲ့ အတူနေပျော်ပါးပြီး မနက် ၄ နာရီလောက်ကြီး ထသွားတာ။ ကားပေါ်မှာလည်း ဘီယာ၊ အရက်တွေအကုန် တင်သွားတာ။ အဲ့ဒီပဲခူးရိုးက ကရင်မောင်နှမဆိုတာ ရှိတယ်။ နတ်ကြီးတယ်။ အမှားမခံဘူး။ အဲ့ဒီနေရာက အရင်ကတည်းက ကားခဏခဏမှောက်လို့ အသေအပျောက် များတဲ့နေရာ။ ဒီနေ့မနက်လည်း ထပ်တက်သွားပြန်ပြီ”

ပျူစောထီးဦးဆောင်တဲ့ရွာက ပြည်သူတွေကို PDF စည်းရုံးနိုင်ခဲ့ဟုဆို ( ရုပ်/သံ)

"ဒီရွာကပျူရွာ ကျနော်တို့ရွာကိုဝင်တော့ ပျူစောထီးတွေအကုန်ထွက် ပြေးတာတယောက်မှမကျန်ဘူး။ အုပ်ကြီးအိမ်ကို ဝင်ရှာတော့ လက်ပစ်ဗုံး ၁ လုံးနဲ့ရွေးကောက်ပွဲစာရင်းဇယားတွေရယ်၊ သပိတ်ကျင်း လေ့ကျင့်ရေးတပ်မှာ ပျူသင်တန်းတက်ဖို့ နာမည်ပေးထားတဲ့စာရင်းစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်"

ပိုက်ဆံအိတ်လုသွားသူတွေကို လိုက်ဖမ်းတဲ့အမျိုးသမီး ၂ ဦး ကားကိုဝင်တိုက်မိ

“အချိန်ကလည်း ညနေတောင် မရှိသေးဘူးဆိုတော့။ သူတို့က စကူးဖီး အော်တိုဂီယာဘီးနဲ့။ စလုခံရတဲ့နေရာက ဘယ်နေရာကနေဖြစ်လာတာလည်းတော့မသိဘူး။ လိုက်တာဆိုတော့လည်း မီအောင်ဆိုပြီး အရှိန်နဲ့ တအားမောင်းလာပုံရတယ်။ အဲ့ဒီတရုတ်ဘုံကျောင်းနားရောက်တော့ ကားနဲ့တိုက်မိတာ” လို့ သူက ပြောပါတယ်။

ဘုရားမီးထွန်းရာကနေ မီးလောင်လို့ နေအိမ် ၂၁ လုံးဆုံးရှုံး

“မီးစလောင်တဲ့အိမ်က အမျိုးသမီးက ဘုရားမီးပူဇော်တာကနေ ဖယောင်းတိုင်မီး က စလောင်တာလို့သိရတယ်။ လောင်တာက ၂၁ လုံး ၁၉ လုံးကပြာကျတယ်၊ ၂ လုံးက နည်းနည်းဘဲကျန်တယ်။ လူထိခိုက်မှုတော့မရှိဘူး” လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသ တွင်းလူမှုကူညီရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

ရဲစခန်းထဲ ဒရုန်းနဲ့ ဗုံးကြဲလို့ ရဲ ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံနယ်‌မြေ ရဲစခန်းအတွင်းကို ဖေဖော်ဝါရီလ ၂၂ ရက် မနေ့နေ့လည် ၂ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်အဖွဲ့ထံက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10