ကြေးနီတင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ ကြိမ် မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ကြေးနီတွေ တင်ဆောင်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦး - မြင်းမူလမ်းပိုင်းမှာ မတ်လ ၁၀ ရက်နေ့လယ် ၁ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်တပြက်စွန်ညိုပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။

ကြေးနီတွေတင်ဆောင်လာတဲ့ ကား ၆ စီး၊ စစ်ကား ၁ စီးပါ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦးမြို့နယ် နတ်ရေကန်နဲ့ ရေပိုးစားရွာအကြား၊ ရေပိုးစားနဲ့ ဂွေးပင်တောရွာအကြားတွေမှာ ပဒေသာမိုင်းတွဲတွေနဲ့ ၄ ကြိမ်ခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကြောင့် နတ်ရေကန်ရွာနဲ့ ရေပိုးစားရွာအကြားမှာ စစ်ကောင်စီယာဉ် ၁ စီးတိမ်းမှောက်ခဲ့ပြီး တိုက်ခိုက်မှု ၄ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကာ ထိခိုက်မှုများပြားတယ်လို့ လျှပ်တပြက်စွန်ညိုပြောက်ကျားတပ်ဖွဲ့ ဒု-တာဝန်ခံ ရဲဘော်စိစိ က မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုကို လျှပ်တပြက်စွန်ညိုပျောက်ကြားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင်တပ်ရင်း(၆)၊ CHU PDF၊ စစ်ကိုင်းခရိုင်တပ်ရင်း(၄) MSPDF၊ B.C အထူးပျောက်ကြားတပ်၊ CHUPDF တပ်ခွဲ ၃၊ Zoe Fighter People Defence Force အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10