မြဝတီတိုက်ပွဲခေါင်းဆောင် ၄၄ တပ်မမှူး စစ်ဗိုလ်ချုပ်ရဲ့ ဇာတ်သိမ်း (ရုပ်သံဆောင်းပါး)

ကရင်ပြည်နယ်တွင် ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းက ရဟတ်ယာဉ်ပစ်ချခံရမှုကြောင့် သေဆုံးသွားသည့် ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် နေရာတွင် အစားထိုးရန် နေပြည်တော်မှ စစ်ခေါင်းဆောင်ဗိုလ်ချုပ်များက ဖေဖော်ဝါရီလဆန်းပိုင်း၌ တပ်မမှူးအသစ်တဦးကို  ထပ်မံခန့်အပ်လိုက်ရသည်။

“တဗိုလ်မရှိ တဗိုလ်” ဟူသည့် စစ်ကောင်စီတပ်၏ ဆိုရိုးစကားအရ မြဝတီမြေကိုမနင်းလိုက်ရသည့် တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်နေရာတွင် အစားထိုးခန့်အပ်ခံရသူမှာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်နယ်မြေ၊ ဘုတ်ပြင်းမြို့အခြေစိုက်၊အမှတ် ၁၃စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၃) ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ်တာဝန်ယူထားသူ ဗိုလ်မှူးကြီး စိုးမင်းထက် ဖြစ်ပြီး တပ်မ ၄၄ သို့ ဗိုလ်မှူးချုပ်အဖြစ် အဆင့်တိုး၊ ရာထူးတိုးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် စိုးမင်းထက်သည်လည်း တပ်မ ၄၄ သို့ ရာထူးတိုးဖြင့်ရောက်ရှိလာပြီးနောက် တပ်မမှူးအဖြစ် ၃ လခန့်သာ ကြာမြင့်ခဲ့ကာ ဧပြီလနောက်ဆုံးအပတ်ကဖြစ်ပွားခဲ့တဲ့ မြဝတီမြို့သိမ်းတိုက်ပွဲအပြီးမှာပင် ၎င်း၏ စစ်ကောင်စီတပ်အရာရှိဘဝကို အဆုံးသတ်သွားရပြီ ဖြစ်သည်။

တည်းဖြတ် - HP

#မြေလတ်အသံ

#ဆောင်းပါး #တပ်မ၄၄ #မြဝတီမြို့သိမ်းတိုက်ပွဲ #တပ်မမှူး #စခန်းစွန့်ခွာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10