စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း ပြာကျပျက်စီးသွားခဲ့တဲ့ ဟင်္သာမကျေးရွာ (ဆောင်းပါး)
၂၀၂၁ မတိုင်ခင်က ဟင်္သာကျေးရွာအုပ်စုထဲမှာရှိတဲ့ တရွာနဲ့တရွာဟာ အသွားအလာမပျက် ဆွေမျိုးတွေ လိုနေခဲ့ကြပေမယ့် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်တပ်က ရွာသာယာရွာမှာ ပျူစောထီး တပ်ဖွဲ့တွေ ဖွဲ့စည်းပေးကာ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်ခဲ့တာကြောင့် ဟင်္သာမကျေးရွာအုပ်စုအပါအဝင် အနီးအနားက ကျေးရွာတွေဟာ မီးလောင်ပြာကျပြီး ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဟင်္သာမကျေးရွာအုပ်စုထဲမှာ နေထိုင်ကြတဲ့ ဒေသခံတွေက ပြောပါတယ်။