နှစ်ပူ၊ သုံးပူဆင့်နေသည့် အညာပြည်သူများ၏ သယ်ယူပို့ဆောင်စရိတ် (အတွေးအမြင်)
ပခုက္ကူနှင့် ပေါက်ကြား ခရီးတဝက် မိုင် ၂၀ အကွာအဝေးရှိ ကမ္မကိုသွားလျှင်ပင် လူတဦး လျှင် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ ပေးနေရပြီး ကုန်ပစ္စည်းသယ်ယူခ ဆန် ၁၀၈ ပေါင်အိတ် တအိတ်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ပဲမျိုးစုံ ၂၅ ပိဿာအိတ် တအိတ် ၂၅၀၀- ၃၅၀၀ ကျပ်၊ ကြက်သွန်နီတပိဿာ ၁၀၀-၁၅၀ ကျပ်ဝန်းကျင်၊ ဓာတ်ဆီ ဒီဇယ်တပေပါကို ၂၅၀၀၀-၃၀၀၀၀ ကျပ်၊ စားအုန်းဆီ ၁၀ ပိဿာ တပုံးကို ၂၅၀၀-၃၀၀၀ ကျပ်၊ အထွေထွေကုန် တပေပတ်လည် ဂျပ်ဖာပုံးတပုံး ၁၅၀၀-၂၀၀၀ ကျပ် စသဖြင့်ပေးရကြောင်း ဒေသခံပြည်သူများက ပြောသည်။