ဆောင်းပါး

စစ်ခေါင်းဆောင်နှစ်ယောက်ကြားက ကြီးမားလာတဲ့ အက်ကွဲကြောင်း (အတွေးအမြင်)

စစ်ခေါင်းဆောင်က သူ့ရဲ့လူယုံ ဒုတိယဗိုလ်ချုပ်ကြီးတွေကို ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးပြီးတဲ့ တချိန်တည်းမှာ ဒုစစ်ခေါင်းဆောင်ကို ရုံးခန်းနေရာပြောင်းရွှေ့စေတာတွေဟာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ အခန်းကဏ္ဍကိုလျှော့ချလိုပြီး လူယုံဗိုလ်ချုပ်ကြီးတွေကို လုပ်ပိုင်ခွင့်ပိုမိုပေးလိုတာကြောင့်လားဆိုတာလည်း မေးခွန်းထုတ်လာစရာ ဖြစ်လာပါတယ်။

တိုင်းပြည်ပျက်ခြင်းနဲ့ မြန်မာ့အလှမယ်က ပေးတဲ့သင်ခန်းစာ (အတွေးအမြင်)

သူများပေါ် မုဒိတာပွား မေတ္တာထားဖို့ ဆိုတဲ့အလေ့အကျင့်တွေကို စာရေးသူတို့ လူအဖွဲ့အစည်းမှာ သင်ကြားပေးဖို့ ပျက်ကွက်နေခဲ့တယ်။ မေတ္တာတွေ၊ ကရုဏာတွေ၊ ခွင့်လွှတ်သည်းခံခြင်းဆိုတာတွေဟာ ဘာသာရေးလုပ်တဲ့ အချိန်အခိုက်အတန့်မျှသာ ပြောဆိုကြတယ်၊ ဘုရားစေတီရှေ့ရောက်မှ အဲဒီစိတ်တွေ ပေါ်ကြတယ်။ ဒါပေမဲ့ နေ့စဉ်လူ့အဖွဲ့အစည်းထဲမှာ လက်တွေ့ကျင့်ကြံဖို့ ပျက်ကွက်နေတာ အားလုံးအသိပါ။

စစ်မိစ္ဆာစီးခံရသည့် စီပါရွာ (ဆောင်းပါး)

“တော်တော်ကို ရက်စက်ထားတာပါ။ ရင်ခွဲပြီးတော့ ကျနော်တို့ ရွာကဟာ‌တွေကို စိတ်ခြောက်ခြားအောင် လုပ်သွားတာပေါ့။ နောက်ဒါမျိုး မဖြစ်အောင်ပေါ့။ ကျနော်တို့နားလေးမှာ သူတို့အဖွဲ့ တပ်ရင်း ၁ ရင်းလုံးကို ဆုံးရှုံးသွားတဲ့အနေထားဆိုတော့ သူတို့က ဒီမှာ နောက်ထပ် ထပ်လုပ်ရင် ဒါမျိုးထပ်ဖြစ်မယ်ဆိုတဲ့ နမူနာကို သူတို့ပေးတာဗျ။”

အဌဂံသံဆန်ကာထဲမှာ ဖယ်သာဝိတ်ပုစ္ဆာအဖြေထုတ်မယ့် UFC 308 (အားကစားဆောင်းပါး)

UFC ON ABC ပွဲရဲ့ ပြိုင်ပွဲသီတင်းပတ်မှာ UFC စီအီးအို ဒေနာဝှိုက်က အောက်တိုဘာ ၂၇ ရက်၊ ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့က အီတီဟတ်ရုံမှာကျင်းပမယ့် UFC 308 ခေါင်ပွဲတွဲဆိုင်း ကြေညာလိုက်တယ်။ တွဲဆိုင်းခေါင်းစဉ်က ဖယ်သာဝိတ်ချန်ပီယံလုပွဲ။ ရင်ဆိုင်ကြမယ့်ဖိုက်တာတွေက လက်ရှိချန်ပီယံ တိုပူရီယာနဲ့ BMF ခါးပတ်ပိုင်ရှင် မက်စ် ဟော်လိုဝေး။

အငတ်ဘေးဆိုက်လာတဲ့ အညာက ပျူစောထီးအားကောင်းတဲ့ ရွာတွေ (ဆောင်းပါး)

“ပဲစေ့ပြုတ်စားတဲ့နေ့လည်း စားရတယ်။ ဆန်လေးဘာလေး ရှာလို့ရရင်လည်း ဆန်လေး စားရတယ်။ ပြတ်တောက် ပြတ်တောက်ပေါ့။ ဆန်ရှိတဲ့ အိမ်လေးတွေ အငှားရမ်းလေးတွေလိုက်၊ ဆန်လေး ၁ ပြည်ပေး ၁ ခွက်ပေးပေ့ါ၊ အဲ့လိုမျိုးလေးတွေနဲ့ စားသောက်ရတာ။”

ထောင် နှင့် နိုင်ငံတော် (အတွေးအမြင်)

ထောင်မှာက အကျဉ်းသားတဦးရဲ့ အမျှော်လင့်ဆုံး အတောင့်တဆုံး ဖြစ်ချင်မှုဆိုတာ နိုင်ငံတော်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး အကျဉ်းထောင်ထဲ ကျခံရတဲ့ပြစ်ဒဏ်အပြည့်မနေထိုင်ရဘဲ လွတ်မြောက်နိုင်ဖို့ပါ။

ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လာတဲ့ မြေဆီလွှာပျက်စီးမှု (ဆောင်းပါး)

၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့အခါ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းတွေ ရပ်တန့်သွားပြီး သယံဇာတအလွန်အကျွံထုတ်ယူမှု မြင့်တက်လာတာတွေဟာ အခြေအနေတွေကို ပိုဆိုးသွားစေပါတယ်။ ဒါဟာ အရှေ့တောင်အာရှက အဆင်းရဲဆုံးသော မြန်မာနိုင်ငံရဲ့ ရေရှည် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် - WFP ရဲ့အဆိုအရ အခုကတည်းက မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၆ ရာခိုင်နှုန်းဟာ မငြိမ်သက်မှုတွေကြားမှာ စားနပ်ရိက္ခာလိုအပ်မှုရှိနေပါတယ်။

နေဖို့ခက်ခဲ၊ စားဖို့ကျပ်တည်းလာတဲ့ ရန်ကုန် (သတင်းဆောင်းပါး)

“ရန်ကုန်အိမ်ငှားခကတော့ တကယ်ကို ကြောက်စရာပါပဲ။ ကိုယ့်အိမ်ကလည်း ဘယ်တော့ပြန်ရမလဲမသိသေးဘူး။ စားစရိတ်နဲ့ အိမ်ငှားခ တစ်လတစ်လ ခေါင်းတော်တော်ခြောက်တယ်”

မန္တလေးမြို့ကြီး ငိုတဲ့နေ့ (ဆောင်းပါး)

တမနက်လုံး မိုးကပြိုကျတော့မလို အုံ့မှိုင်းပြီး ကောင်းကင်က မဲမှောင်လို့နေသလောက် လမ်းမပေါ်သွားလာနေကြသူတွေဟာလည်း မျက်နှာမသာမယာပါပဲ။ မနက် ၁၀ နာရီလောက်မှာ ကောင်းကင်က တိမ်သားတွေ ပြန်လည်ကင်းစင်သွားလို့ လင်းလာပေမဲ့လည်း လူတွေရဲ့ မျက်နှာကတော့ ပိုလို့သာမဲမှောင်လာပြီး မန္တလေးမြို့က လမ်းမတလျှောက် ငိုညည်းသံတွေလွှမ်းသွားပါတယ်။

ထောင်နှင့် ကျန်းမာရေး (အတွေးအမြင်)

ထောင်မှာက အလွန်သေးငယ်တဲ့ အနာဒဏ်ရာတခုဖြစ်ရင်တောင် ပျောက်ကင်းဖို့က အပြင်မှာထက် ပိုပြီးအချိန်ကြာပါတယ်။ ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိတာ၊ အစားအစာ ရှားပါးတာ၊ အသီးအရွက်စားရဖို့ မလွယ်ကူတာတွေနဲ့ လူတယောက်ရဲ့အခြေခံလိုအပ်တဲ့ အာဟာရမရှိတော့ လူရဲ့ ခုခံအားတွေနည်းလာပြီး ရောဂါဖြစ်ဖို့အခွင့်ပိုများတာနဲ့ ဖြစ်လာတဲ့အနာရောဂါတွေ ပျောက်ကင်းဖို့ တကယ့်ကို ကြန့်ကြာတာပါ။

စစ်အာဏာသိမ်းပြီးနောက် ကွယ်လွန်ခဲ့တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်လေးဦး (ရုပ်ပုံလွှာ)

စစ်တပ်က ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ယနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် လေးဦးကွယ်လွန်ခဲ့ပြီး သုံးဦးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာကို ခံခဲ့ရသူတွေဖြစ်ပါတယ်။

ပြည်သူတွေကို အကျိုးပြုပေးချင်တဲ့ ကယ်တင်ရှင် "မောင်ပေါများ" (ရုပ်ပုံလွှာ)

သူ့အမည်က "မောင်ပေါများ" လိုခေါ်သတဲ့။ အသက် ၁၂ နှစ်အရွယ် ဒုတိယတန်းကျောင်းသားလေး ၁ ဦးပါ။ သူက အင်္ကျီဖြူနီရောင်လက်ရှည်အကွက်ကို ကပိုကရိုဝတ်ရင်း ပုဆိုးခပ်နွမ်းနွမ်းကိုလည်း တိုတို ဝတ်ထားတာ၊ ခါးပုံစက ဒူးအောက်နားရောက်အောင် ဝတ်နေကျဖြစ်နေတာက "ပေါများ"ရဲ့ စတိုင်လ်တခုလို ဖြစ်နေပါတယ်။

ရခိုင်စစ်ပွဲအတွင်းက ခရီးသည် (ခရီးသွားဆောင်းပါး) (ဇာတ်သိမ်းပိုင်း)

အရှေ့အရပ်မှ ပြူးထွက်လာတဲ့ နေမင်းကြီးရဲ့ ရောင်ခြည်တွေကြောင့် အရပ်လေးမျက်နှာစလုံးမှာ အုံ့မှိုင်းနေကြတဲ့ မြူနှင်းတွေဟာ တရွေ့ရွေ့ ပြယ်စပြုလာနေတယ်။ ကားလမ်းမပေါ်မှာတော့ ယာဉ်တွေ ဥဒဟိုသွားလာနေကြတဲ့ မနက် ၉ နာရီအချိန်။ ကျနော်တို့နှစ်ဦးလို စစ်တွေမြို့ထဲကို ဝင်ရောက်မည့် ခရီးသည်တွေကို တင်ဆောင်လာတဲ့ မှန်လုံကားငယ်တစီးကို လက်တဖက်နဲ့ အချက်ပြ ရပ်တန့်ခိုင်းလိုက်တယ်။ ကားထဲကို ချောင်းကြည့်လိုက်တော့ ကားဝမ်းဗိုက်ထဲမှာ ခရီးသည် ဆယ်ယောက်နဲ့ ပြည့်ကြပ်လို့နေတယ်။

အိမ်ပျောက်သူတွေကို အိမ်ပြန်ခိုင်းတဲ့ စစ်တပ် (အတွေးအမြင်)

စစ်ကောင်စီက အခုလို နေရပ်ပြန်ဖို့၊ နေအိမ်မှာနေကြဖို့ အသည်းအသန်တိုက်တွန်းနေပေမယ့် ရေဘေးဒဏ်သင့် ပြည်သူတချို့ဟာ ပြန်စရာနေအိမ်မရှိတော့သလို အိမ်ပြန်လို့ရတဲ့အခြေအနေတွေလည်း မဟုတ်သေးပါဘူး။

ခြိမ်းခြောက်မှုမြင့်မားလာတဲ့ ပဲခူးရှေ့ခြမ်းက မိုင်းအန္တရာယ် (သတင်းဆောင်းပါး)

စစ်အာဏာမသိမ်းမီက ပဲခူးအရှေ့ခြမ်းမှာ ပဲခူးရိုးမပေါ်ရှိနေရာတချို့မှာသာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် မြို့နဲ့ဆက်စပ်တဲ့ကျေးရွာတွေ၊ ယာခင်းတွေနဲ့ ကားလမ်း၊ လူသွားလမ်းတွေမှာပါ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာမြင့်တက်လို့လာနေပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10