ဆောင်းပါး

ပြန်မဆုံနိုင်တော့တဲ့ မိသားစုတွေ (အသံလွှင့်ဆောင်းပါး)

သူတို့သားအမိရဲ့ ဖုန်းနံပါတ် ကျမမှာရှိပေမယ့် ဖုန်းမဆက်ရဲဘူး။ သူတို့အဆင်ပြေပါစေလို့ပဲ ဆုတောင်းရင်း သူတို့သားအမိသတင်းတွေကို နားစွင့်နေမိတယ်။ အခုနောက်ပိုင်း ပြန်ကြားရတာကတော့ .........

အညာစစ်တွင်း ခရီးသည် (ခရီးသွားဆောင်းပါး)

အညာဒေသကို ခရီးထွက်မယ်ဆိုတော့ စာရေးသူအတွက် စွန့်စားခန်းတခုလိုပါပဲ။ သွားရာလမ်းတလျှောက်မှာ အခန့်မသင့်ရင် အဖမ်းခံရနိုင်သလို မီဒီယာတွေပေါ်မှာ အမြဲတွေ့နေရတဲ့အညာဒေသက စစ်ဖြစ်နေတဲ့ဒေသဖြစ်လို့ စစ်ကြောင်းတွေ ဝင်ထွက်နေတာကြောင့် အချိန်မရွေး ကိုယ်တိုင် အန္တရာယ်ကြုံတွေ့နိုင်ပါတယ်။ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထွက်ဖြစ်တဲ့ ခရီးလည်းဖြစ်သလို စစ်ဒဏ်ကို ခံစားနေရတဲ့ အညာဒေသက လူတွေရဲ့ဘဝကို မျက်မြင်တွေ့ရမှာမို့ ဆိုရှယ်မီဒီယာပေါ်မှာတွေ့နေကျ မီးလောင်ပြင် ပြာပုံဖြစ်နေတဲ့အိမ်တွေ၊ သောကတွေနဲ့ ပြေးလွှားနေတဲ့ ရွာသားတွေကိုတွေ့ခဲ့ရင် စာရေးသူအနေနဲ့ အားပေးစကား ဘာတွေပြော‌ပေးရမလဲ၊ စစ်ဒဏ်ကြောင့် အညာဒေသကြီး ဘယ်လောက်ပျက်စီးနေပြီလဲဆိုတဲ့ အတွေးတွေနဲ့ ကားပေါ်မှာ လိုက်ပါလာခဲ့ပါတယ်။

ပဲခူးမြို့ ရေကြီးမှု စစ်ကောင်စီ ဘာကူပေးသလဲ

အခုလို ပဲခူးမြို့ တမြို့လုံးနီးပါး ရေလွှမ်းမိုးခံလိုက်ရတဲ့အခြေအနေမှာ စစ်ကောင်စီက ဘာတွေကယ်ဆယ် ပေးနိုင်ခဲ့သလဲ၊ ဘာတွေ ကူညီထောက်ပံ့ပေးခဲ့သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

အညာလမ်းမများပေါ် ဓားပြတွေ သောင်းကျန်းနေသည် (သတင်းဆောင်းပါး)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အညာဒေသ ကားလမ်းမများပေါ်တွင် ဗြောင်ကျကျ ဓားပြတိုက်မှုများလုပ်ဆောင်နေသည်ဟု ခရီးသွားပြည်သူများ၊ ကုန်သည်များနှင့် မော်တော်ယာဉ်မောင်းများက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ခရီးသွားများကို ကိုယ်ရေးအချက်အလက် စစ်ဆေးသည့်အခါ လိုသည်ထက် ပိုမိုစစ်ဆေးမေးမြန်းခြင်းများကြောင့် အညာတွင် မဖြစ်မနေ ခရီးသွားရသူများနှင့် ယာဉ်မောင်းများသည် စစ်ကောင်စီဂိတ်များဖြတ်ရတိုင်း အကြောက်တရားဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။ စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းပြချက်မျိုးစုံပြကာ ခရီးသွား ပြည်သူနှင့် ယာဉ်မောင်းများထံမှ ဓားပြတိုက်သလို ငွေကြေးတောင်းခံမှုများ ပြုလုပ်ကြသည်။

စစ်သင်္ဘော ၉ စီးရဲ့ ဗန်းမော်ခရီး  (ဆောင်းပါး)

မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း သင်္ဘောစီးသွားမယ်ဆိုရင် ၂ ညအိပ် ၃ ရက် ခရီးပါ။ အသွားအပြန်ဆိုရင် ၇ ရက်အထိ ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေး စစ်အတွင်း ကာလမှာတော့ စစ်ကောင်စီရဲ့ သင်္ဘောတွေဟာ မန္တလေးကနေ ဗန်းမော် ကိုရောက်ဖို့ ၂၃ ရက်အထိ ကြာမြင့်ခဲ့ပါတယ်။ ဒီသင်္ဘော ၉ စီးရဲ့ ခရီးစဉ်တလျှောက် မြစ်ကမ်းဘေးနေထိုင်ကြတဲ့ ကလေးငယ်တဦး အပါအဝင် ဒေသခံ ပြည်သူ ၉ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ် ရာရခဲ့ပါတယ်။ ဒါ့အပြင် အဖမ်းခံရတဲ့ ဒေသခံပြည်သူ ၅၀ နီးပါးရှိခဲ့ပြီး ၅ ဦးကတော့ ပျောက်ဆုံးနေပါတယ်။ ရက်ပေါင်း ၂၀ ကျော်ကြာ မန္တလေးကနေ ဗန်းမော်ကို ခရီးဆက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ဒီသင်္ဘောတွေ နောက်ကို ခြေရာကောက်ကြည့်ကြရအောင်ပါ။

အရပ်သား ၆၀ သေဆုံးခဲ့ရသည့် စက်တင်ဘာ

ယခုလို အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှုနှင့်ပတ်သက်၍ ပခုက္ကူလူထုတိုက်ပွဲကော်မတီ ဦးဆောင်သူ ကိုစိုးထွဋ်ဝင်းက “သူတို့ရဲ့ စစ်ကောင်စီဘက်မှာ မပါလို့ ပါပဲ။ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီး၊ အိမ်တွေ မီးရှို့၊ လူတွေသတ်ဖြတ်ရင် ကြောက်မယ်ဆိုတဲ့ အကြောက်တရားတွေ ရိုက်သွင်းတာ" ဟု သုံးသပ်သည်။

ကြက်ဥပြုတ် လက်ဖက်သုပ် နဲ့ ထမင်းချိုင့်ထဲက ကလေးငယ်တွေ

ဓါတ်ပုံလေးရဲ့ ဖြစ်စဉ်ကို ကြားသိမြင်တွေ့လိုက်ရတော့ ပိုလို့ နာကျင်ရပြန်တယ်။ ကလေးဘဝမှာ နွမ်းပါးချို့တဲ့စွာနဲ့ ကျောင်းတက်ခဲ့ရတဲ့ ကျနော်အဖို့ ဓါတ်ပုံထဲက မြင်ကွင်းမျိုးဟာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ တိုင်အောင် အာရုံခြောက်ပါးလုံးမှာ စွဲငြိနေခဲ့တာပါ။

NUG ရဲ့ ဝက်လက်တပ်ရင်း ၂ ဘာကြောင့် မကြာခဏအတိုင်ခံနေရသလဲ (သတင်းဆောင်းပါး)

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ရင်းတခုဖြစ်ပါတယ်။ ဝက်လက်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီတပ်ရင်းနဲ့ ပတ်သက်လို့ NUG အစိုးရထံ မကြာခဏတိုင်ကြားလေ့ရှိပါတယ်။

မီးခိုးမထွက်ဘဲစီးပွားဖြစ်နေတဲ့ မန်ကျည်းပင်တွေကို ခုတ်ရောင်းဖို့တန်ရဲ့လား (ဆောင်းပါး)

ဆရာမကြီးလူထုဒေါ်အမာက “အညာနဲ့တမာ” ဆိုတဲ့စကားပြေမှာ မန်ကျည်းမှည့်ဟာ အညာဒေသရဲ့ တခုသော ဝင်ငွေရတဲ့ ဒေသထွက်ကုန် လို့ဆိုပါတယ်။ ပြီးတော့ မန်ကျည်းပင်ရဲ့ အကျိုးပြုပုံကို ဘက်စုံထောင့်စုံကနေ တဖွဲ့တနွဲ့ရေးခဲ့ပါတယ်။ အဆုံးသတ်မှာတာ့ “မန်ကျည်းပင်တွေကိုတော့ ချမ်းသာပေးကြပါလို့ တောင်းပန်ချင်လှတယ်”ဆိုပြီး မေတ္တာရပ်ခံပါတယ်။

လက်ရုံးတပ်တွေကိုပါ သေတွင်းထဲ ပို့နေရတဲ့ အာဏာသိမ်းစစ်တပ် (သတင်းဆောင်းပါး)

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းပြည်အနှံ့က ရှေ့တန်းစစ်မျက်နှာတွေမှာ အင်အားလျော့နည်းလာတဲ့ သူ့ရဲ့တိုက်ခိုက်ရေးတပ်တွေအတွက် လက်ရုံးတပ်တွေရဲ့ အင်အားကိုထုတ်နုတ်ပြီး ဖြည့်တင်းနေရပါတယ်။

ပဲခူးအနောက်ခြမ်းမှာ အုပ်ချုပ်ရေးမှူးတွေ ဘာကြောင့် အစုလိုက်အပြုံလိုက် နုတ်ထွက်နေကြသလဲ (သတင်းဆောင်းပါး)

အာဏာသိမ်းစစ်တပ်ရဲ့ ဖိအားပေးမှုနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြားမှာ မြွေမသေ၊ တုတ်မကျိုးလုပ်ရင်း ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်နေကြတဲ့ တချို့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိနေကြပါတယ်။

ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ” (အသံလွှင့်ဆောင်းပါး)

ယောင်းမဖြစ်သူ မရွှေမန်းသူက ငိုယိုပြီး တောင်းပန်ပြောဆိုနေသည့်တိုင် စစ်ကောင်စီတပ်သားများက "မအော်နဲ့ အော်ရင် သတ်ပစ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူထားတာ တော်တော်ရွတဲ့ကောင်မ" ဟူသော မကြားဝံ့မနာသာ ထပ်တလဲလဲခြိမ်းခြောက်ပြောဆိုသံများကို သူအတိုင်းသား ကြားနေခဲ့ရသည်။

အထုပ်ဘေးချ လက်နက်ကြီးသံနားစွင့်နေရတဲ့ စစ်ရှောင်တို့ ဘဝ

"ကျမတို့ အိမ်မှာဆိုလည်း ဆန်တွေ၊ ဆီတွေ အကုန်သယ်သွားပြီး သူတို့မသယ်နိုင်လို့ကျန်တဲ့ ဆန်တွေကို သေးတွေနဲ့ ပန်းသွားတယ်။ ဆီတွေကိုလည်း သွန်ချထားခဲ့တာ” လို့ အမျိုးသမီးတဦးက ဆိုပါတယ်။

“မန်ကျည်းပင်တန်းမှာ သူကျသွားတာ အခုထိမကျွတ်သေးဘူး” (သတင်းဆောင်းပါး)

“ကျနော့်ကို အိမ်မက်ထဲမှာ လာလာပြောတယ်။ သူကနှမ်းခါးရွာထိပ်မှာ ကင်းစောင့်နေပါတယ်ဆိုပြီး အမြဲတမ်းပြောတယ်။ သူမကျွတ်သေးဘူး” လို့ ကိုဗေက သူကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်ကို ပြောပြသည်။

ခင်ဦးနဲ့ ရေဦးမှာ စစ်ကောင်စီ ရက်စက်ကြမ်းကြုတ်ခဲ့သမျှ (သတင်းဆောင်းပါး)

"သူခိုး ခိုးသွားမှ ကျန်ဦးမယ်။ စကစမီးရှို့ ဖျက်ဆီးတာက ဘာမှကုန်းကောက်စရာကို မကျန်ခဲ့တော့တာ။ ပိုက်ဆံရှိသူ ဖြစ်ဖြစ်၊ မရှိသူဖြစ်ဖြစ် မီးထဲအကုန်ပါသွားတော့ နေဖို့၊ စားဖို့ ဘာမှ မကျန်တော့တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10