သတင်းဆောင်းပါး

နဘားဘူတာအိုရဲ့ တမ်းချင်း

အစွန့်ပစ်ခံ ဘူတာကြီး ဖြစ်သွားတာကလည်း အားလုံးသိကြတဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး အပြောင်းအလဲက စခဲ့တာပဲ။ ကျနော်ချစ်ရတဲ့ မီးရထားဝန်ထမ်းတွေဟာ ယုံကြည်ရာ အမှန်တရားကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်းရင်း ဘဝတွေ အပျက်ခံပြီး ကျနော့်ကို ကျောခိုင်းခဲ့ကြတယ်။

"ဘာသာခြားကို ပိုဖိနှိပ်တဲ့ငရဲခန်းကိုဖြတ်ကျော်ပြီး အမှန်တရားဘက် ဆက်လက်ရပ်နေသူ"

“ဆန္ဒပြပွဲမှာ ပြေးရင်းဖမ်းခံခဲ့ရတာပါ။ သူငယ်ချင်းတွေနဲ့လည်း လူစုကွဲပြီး တယောက်တည်းပါသွားတာ။ ကျနော် ရောက်တာနဲ့ ဖုန်းကိုသိမ်းလိုက်ပြီး ပြန်မပေးဘူး။ တချို့တွေ အင်းစိန်ထောင်မပို့ခင် အချုပ်ကျနေတုန်း လိုက်လာတဲ့ မိဘတွေရှိတော့ နေ့ချင်းပြန်လွတ်တာတွေတော့ ရှိတယ်။ ကျနော်တို့ကတော့ လုံးဝဘာမှပေးမပြောဘူး။ တခုခုပြောဖို့လုပ်လိုက်ရင် စစ်သားတွေက အသားရောင်နဲ့ ပုံစံကိုကြည့်ပြီး ဟဲ့ကုလား နေအုံးဆိုပြီး စကား ပေးမပြောဘူး”

"ခွဲခြားဆက်ဆံတာတွေကိုပါ တွန်းလှန်နေတဲ့ PDF ရဲမေ"

“ဖယ်ကျဉ်ခြင်း ခံရတာကတော့ ခဏခဏပါပဲ။ အတန်းထဲမှာဆိုလည်း အတန်းဖော်၊ ဆရာ/ဆရာမတွေရဲ့ ဖယ်ချန်ခြင်းကို ခံရတယ်။ သူက ကုလားမို့လို့ မပေါင်းရဘူး ဆိုတာမျိုးတွေ၊ အတန်းဖော်တယောက်က ကိုယ်နဲ့စကားလာပြောရင်လည်း ဆရာမတွေက မပြောခိုင်းတာ အသက်အရွယ်နဲ့မမျှတဲ့ ခံစားခြင်းမျိုးတွေကို ငယ်ငယ်ကတည်းက ခံစားလာခဲ့ရတယ်”

မီးလောင်ပြင်က အိမ်အလှူတော်

အာဏာသိမ်းစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကို အများဆုံးခံရတာ စစ်ကိုင်းတိုင်းပါ။ Data For Myanmar ရဲ့ စောင့်ကြည့် တွက်ချက်မှုတွေအရ အာဏာသိမ်းစကနေ ၂၀၂၃ ဖေဖော်ဝါရီလထိ စစ်ကိုင်းတိုင်းမှာ မီးလောင်ပျက်စီးရတဲ့ နေအိမ် လေးသောင်းခွဲနီးပါး ရှိလာနေပါပြီ။

စစ်ကောင်စီအလိုကျ ဒုစရိုက်သမားများနဲ့ လောင်းကစားဝိုင်းများ တခေတ်ထချိန်

ခေတ်အဆက်ဆက် စစ်တပ်အုပ်ချုပ်သည်ခေတ်များတွင် လောင်းကစားများကို ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးထားခဲ့ပြီး နိုင်ငံရေးအသုံးချခံ၊ ငွေရှာရာနေရာ အဖြစ်သာ အသုံးချခဲ့ရာက လက်ရှိ စစ်အာဏာသိမ်းမှုအလွန် နွေဦးတော်လှန်ရေးကာလတွင်လည်း လောင်းကစားဝိုင်းများက တခေတ်ဆန်းလာခဲ့ပြန်ပါသည်။

"ဈေးအတက်မှာ စပါးမရှိတဲ့လယ်သမားတွေ"

"စပါးက စျေးတက်ပြီး ပစ္စည်းက ရှားတယ်။ စပါးစျေးအပေါ်က ဖြစ်နေပြီး ဆန်စျေးက အောက်ရောက်နေတာ။ စပါးစျေးက ဥပမာ မနေ့က တသိန်းဆိုရင် ဒီနေ့က တသိန်းခွဲ ခေါ်နေတာ။ အဲဒီလို လုပ်နေတာက ၂ လလောက်ဖြစ်နေပြီ။ ဘယ်လိုမှ လုပ်ရကိုင်ရတာ မကောင်းဘူး။ အနိမ့်စျေးနဲ့ဝယ် အမြင့်စျေးရောက်မှ ကြိတ်ခွဲရောင်းရမယ့် ပုံစံ ဖြစ်နေတယ်" လို့ ပဲခူးတိုင်းအနောက်ခြမ်းက ဆန်စပါးရောင်းဝယ်သူတဦးက ပြောပါတယ်။

နှင်းရည်စက်လက် ဉာဏ်ရိုးပူဇော်ပွဲ နံနက်ခင်းများ

တပိုတွဲလပြည့်နေ့ရဲ့ နှင်းရည်စက်လက်နဲ့ နံနက်ခင်းအာရုဏ်ဦးမှာ အလင်းရောင်မရှိတဲ့ မှောင်ရိပ်ထဲ လူတချို့ရဲ့ လှုပ်ရှားသံတွေက ဆူညံမြန်ဆန်လှချည့်ရဲ့။ မြို့လည်ခေါင် လမ်းလေးဆုံနာရီစင်တဝိုက် တောင်လိုပုံထားသည့် ဉာဏ်ရိုးဖြူဖြူတွေက တောဆင်ရိုင်းတွေရဲ့ အစွယ်ရှည်ရှည်တွေလို ထိုးထိုးထောင်ထောင်ပဲ။

၂ နှစ်အတွင်းပျက်စီးသွားတဲ့ စစ်ကိုင်းကပြည်သူတွေဘဝ

“အိမ်ကတော့ ပြာဖြစ်သွားပြီ။ ဘာမှကို မကျန်ခဲ့တာ စစ်တပ်မီးရှို့ပြီး ပြန်ထွက်သွားတော့ ရွာနားသွားကြည့် သေးတယ်။ အိမ်နေရာမှာပြာပုံကြီးပဲ ကျန်တယ်။ မိသားစုထဲက အသက်ငယ်တဲ့ လူငယ်တွေက တောထဲကစစ်ရှောင်စခန်း တခုမှာအဆင်ပြေသလို နေကြတယ်။ ကျန်တဲ့အသက်ကြီးတဲ့ လူကြီးနှစ်ယောက်ကတော့ တောထဲမှာနေထိုင်ဖို့အဆင်မပြေလို့ ရွာနားနီးစပ် ဘုန်းကြီးကျောင်းတွေမှာ ထားထားတယ်” လို့ အိမ်မီး လောင်ပြာကျသွားတဲ့ အသက် ၃၅ နှစ်အရွယ် အလယ်ရှို့ကျေးရွာက ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲနဲ့ ပိတ်ဆို့မှုကြားက လယ်သမားတွေရဲ့ စိန်ခေါ်မှု

တောတောင်၊ မြစ်ချောင်းတွေနဲ့ ပြည့်နက်နေတဲ့ မြန်မာနိုင်ငံရဲ့ အနောက်ဖက်က ရခိုင်ပြည်နယ်မှာ ယခုနှစ် (၂၀၂၂) မိုးခေါင်တဲ့ သဘာဝကပ်ဆိုးကြီးတခုကို ကြုံတွေ့ခဲ့ရပါတယ်။ စိုက်ပျိုးရေးနဲ့သာ အဓိကထား အသက်ရှင်နေရတဲ့ ရခိုင်ပြည်သူတွေမှာ မိုးခေါင်တဲ့ဒဏ်အပြင် လယ်ယာမြေသုံး မြေဩဇာပစ္စည်းတွေရဲ့ ဈေးအဆမတန် မြင့်တက်မှု ဒဏ်ကိုပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ တချို့ လယ်သမားတွေဆိုရင် မိမိရဲ့လယ်မြေတွေကို စွန့် ခွာပြီးတော့ ရေခြား၊ မြေခြား တိုင်းတပါးနိုင်ငံတွေမှာ မိသားစုကို ခွဲခွာပြီးတော့ သွားရောက် အလုပ်လုပ်နေကြရပါတယ်။

တကျော့ပြန်ဆန်စပါးပြဿနာနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွါကြသူမျာ

"ဆန်ဈေးတွေက တရက်နဲ့တရက်မတူးဘူး။ ဒီနေ့ တအိတ်ကို ၆သောင်းဆိုရင်၊ မနက်ဖြန် ၇သောင်း ဖြစ်နေပါတယ်။ဒီလိုဈေးတက်နေလို့ အခြေခံလူ တန်းစားတွေ ဘယ်လိုလုပ်နပ်မှန်တော့မလဲ။ အလုပ်အကိုင်ကလည်း ရှားတယ်။ ဆက်လို့သာ ဈေးတွေမကျဘဲ ထိုးတက်နေမယ်ဆိုရင် လူတွေ ငတ်သေဖို့ကိန်း ဆိုက်ကျမယ်"

"အညာနွေမှာ စစ်မီးဒဏ်နဲ့ ကြုံရပြန်တဲ့ ဒေသခံတွေ"

"လေယာဥ်ကြီးတွေက ဝဲလာတော့ ကြောက်ပြီးတော့ ဝေးဝေးကိုထွက်ပြေး… ညတွင်းချင်း အဝေးကို ရောက်အောင်ပြေး ကျမတို့ တောကြားထဲမှာ ကန္တာရဆူးတွေ စူး၊ အပင်တွေ အကြိုအကြားတွေထဲမှာ ငုံ့ပြီး ပြေး တစ်ညလုံး ပြေးခဲ့ရတာ" " အမေကြီးတို့လက်ထက်တုန်းက ပြောခဲ့တဲ့ စကားတွေက ခု ကျမတို့ လက်တွေ့ခံစားနေရတော့တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10