သတင်းဆောင်းပါး

ရွာလုံးကျွတ် ပျူစောထီးဇာတ်အသွင်းခံနေရတဲ့ ဆင်လူးရွာ (သတင်းဆောင်းပါး)

“ ထမင်းစားပြီးတော့ ပျူစောထီးထဲသွင်းမယ့် ရက်ကို ထိုင်စောင့်နေရတယ်။ သူတို့ခိုင်းလို့ သူတို့က သွားသေပါဆို သေရမယ့်အခြေအနေမျိုးကို စောင့်ဆိုင်းနေရသလိုပဲ။”

စစ်မိစ္ဆာစီးခံရသည့် စီပါရွာ (ဆောင်းပါး)

“တော်တော်ကို ရက်စက်ထားတာပါ။ ရင်ခွဲပြီးတော့ ကျနော်တို့ ရွာကဟာ‌တွေကို စိတ်ခြောက်ခြားအောင် လုပ်သွားတာပေါ့။ နောက်ဒါမျိုး မဖြစ်အောင်ပေါ့။ ကျနော်တို့နားလေးမှာ သူတို့အဖွဲ့ တပ်ရင်း ၁ ရင်းလုံးကို ဆုံးရှုံးသွားတဲ့အနေထားဆိုတော့ သူတို့က ဒီမှာ နောက်ထပ် ထပ်လုပ်ရင် ဒါမျိုးထပ်ဖြစ်မယ်ဆိုတဲ့ နမူနာကို သူတို့ပေးတာဗျ။”

အငတ်ဘေးဆိုက်လာတဲ့ အညာက ပျူစောထီးအားကောင်းတဲ့ ရွာတွေ (ဆောင်းပါး)

“ပဲစေ့ပြုတ်စားတဲ့နေ့လည်း စားရတယ်။ ဆန်လေးဘာလေး ရှာလို့ရရင်လည်း ဆန်လေး စားရတယ်။ ပြတ်တောက် ပြတ်တောက်ပေါ့။ ဆန်ရှိတဲ့ အိမ်လေးတွေ အငှားရမ်းလေးတွေလိုက်၊ ဆန်လေး ၁ ပြည်ပေး ၁ ခွက်ပေးပေ့ါ၊ အဲ့လိုမျိုးလေးတွေနဲ့ စားသောက်ရတာ။”

ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်လာတဲ့ မြေဆီလွှာပျက်စီးမှု (ဆောင်းပါး)

၂၀၂၁ စစ်အာဏာသိမ်းလိုက်တဲ့အခါ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းတွေ ရပ်တန့်သွားပြီး သယံဇာတအလွန်အကျွံထုတ်ယူမှု မြင့်တက်လာတာတွေဟာ အခြေအနေတွေကို ပိုဆိုးသွားစေပါတယ်။ ဒါဟာ အရှေ့တောင်အာရှက အဆင်းရဲဆုံးသော မြန်မာနိုင်ငံရဲ့ ရေရှည် စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် - WFP ရဲ့အဆိုအရ အခုကတည်းက မြန်မာနိုင်ငံရဲ့ လူဦးရေ ၂၆ ရာခိုင်နှုန်းဟာ မငြိမ်သက်မှုတွေကြားမှာ စားနပ်ရိက္ခာလိုအပ်မှုရှိနေပါတယ်။

နေဖို့ခက်ခဲ၊ စားဖို့ကျပ်တည်းလာတဲ့ ရန်ကုန် (သတင်းဆောင်းပါး)

“ရန်ကုန်အိမ်ငှားခကတော့ တကယ်ကို ကြောက်စရာပါပဲ။ ကိုယ့်အိမ်ကလည်း ဘယ်တော့ပြန်ရမလဲမသိသေးဘူး။ စားစရိတ်နဲ့ အိမ်ငှားခ တစ်လတစ်လ ခေါင်းတော်တော်ခြောက်တယ်”

ခြိမ်းခြောက်မှုမြင့်မားလာတဲ့ ပဲခူးရှေ့ခြမ်းက မိုင်းအန္တရာယ် (သတင်းဆောင်းပါး)

စစ်အာဏာမသိမ်းမီက ပဲခူးအရှေ့ခြမ်းမှာ ပဲခူးရိုးမပေါ်ရှိနေရာတချို့မှာသာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့ရတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် မြို့နဲ့ဆက်စပ်တဲ့ကျေးရွာတွေ၊ ယာခင်းတွေနဲ့ ကားလမ်း၊ လူသွားလမ်းတွေမှာပါ မြေမြှုပ်မိုင်းအန္တရာယ် သိသိသာသာမြင့်တက်လို့လာနေပါတယ်။

အသက်နဲ့ရင်းထားရတဲ့ ကြားကာလအခြေခံပညာရေး (သတင်းဆောင်းပါး)

“တချို့နေရာတွေက စိုးမိုးနယ်မြေဆိုပေမယ့် လေကြောင်းရန်က ကြောက်ရတယ်။ လေယာဉ်သံကြားပြီဆို အကုန်ပုန်းရတယ်။ တခါတလေလည်း ကျောင်းပိတ်ပေးလိုက်ရတယ်။ တခါတလေကျတော့ နေရာခွဲပြီး အစုလေးတွေလုပ် သင်ရတယ်။ မြေပြင်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက စောင့်ရှောက်ပေးနိုင်တယ် ဆိုပေမယ့် တိုက်ပွဲရှိတယ်ဆို လေကြောင်းက အကုန်ဗုံးကြဲတော့ ပိတ်ရတာပဲ။”

ရန္တပိုဆိပ်ကမ်းမှာ အိုးလှန်းကြရမယ့်နေ့ (လူမှုဘဝ)

တကယ်တော့လည်း ရန္တပိုရွာဆိုတာ မြေအိုးလုပ်ငန်းတွေနဲ့ ပိုလို့နာမည်ကျော် လူသိများတယ်လို့ ပြောရမှာ။ ဆိုပါစို့ ရှင်မတောင်ဆို သနပ်ခါး၊ ကျောက်ပန်းတောင်းဆို ထန်းလျက်၊ ညောင်ဦးဆို ပုန်းရည်ကြီး၊ သရက်ဆို မလိုင်၊ ရန္တပိုဆို အိုး အဲ့လိုမျိုး တွဲလို့သိထားတဲ့ ဒေသအမှတ် အမှတ်သင်္ကတပေါ့။

ပဲခူးအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ ဈေးပေါက်နေ (သတင်းဆောင်းပါး)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအဝှမ်း စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တပ်သားပြုန်းတီးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်သားစုဆောင်းမှုတွေကို နည်းမျိုးစုံနဲ့ အတင်းအဓမ္မကြိုးပမ်းလျက်ရှိရာမှာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ အရောင်းအဝယ်သဘောမျိုး ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေပြောပြတဲ့ ဒီပဲယင်းမြို့ပေါ်တိုက်ပွဲ (သတင်းဆောင်းပါး)

“မြို့သိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ ဖြစ်လာတယ်။ ထွက်ပြေးတာတွေဖြစ်လာတယ်။ အထူးသဖြင့် Non CDM တွေနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူ၊ ဒလန် အများအပြားဖမ်းဆီးရမိတယ်။ ပြောရရင်တော့ စစ်ကောင်စီဒေါက်တိုင်အပါအဝင် အုပ်ချုပ်ရေး ယန္တရား အားလုံး ပြိုလဲသွားတယ်”

တကျော့ပြန်တိုက်ပွဲတွေနဲ့ ရခိုင်ရိုးမပေါ်က အထီးကျန်တောင်ကုတ်ကားလမ်း (သတင်းဆောင်းပါး)

၂၀၂၃ နှစ်လယ်ကနေစပြီးတော့ အာရက္ခတပ်တော် (AA)ရဲ့ ပြင်းထန်တဲ့ထိုးစစ်တွေနဲ့ ဆက်တိုက်ဆိုသလို မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်နေရာအများအပြားမှာ အရေးနိမ့်ဆုတ်ခွါခဲ့ရပြီးတဲ့နောက် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်း ၃ လမ်းစလုံးကို သွားလာလို့မရအောင် လုံးဝပိတ်လိုက်တာပါ။

ကတုတ်ကျင်းနက်နက်တူးထားတဲ့ ပြင်ဦးလွင်က စစ်တပ်ခံစစ်နဲ့  မြို့ကိုစွန့်ခွာနေတဲ့ တပ်မိသားစုဝင်တွေ (ဆောင်းပါး)

ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်တွေအတွင်းမှာတော့ လက်ရှိတိုက်ပွဲသတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားအမိန့်ချမှတ်တာမျိုးမရှိသေးဘဲ အရင် ၁၀၂၇ ပထမလှိုင်းကာလက ညွှန်ကြားချက်ဖြစ်တဲ့ “ကတုတ်ကျင်းနက်နက်တူးဖို့” သာ လုပ်ဆောင်နေရတယ်လို့ ပြင်ဦးလွင်ရှိ စစ်ဗိုလ်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်မိသားတစ်စုရဲ့ စစ်ရှောင်ဒုက္ခအတွေ့အကြုံများ (ဆောင်းပါး)

အသက်ဘေးကလွတ်ဖို့ ရွာကိုစွန့်ခွာရပြီဖြစ်တဲ့ မမီးငယ်ဟာ အသက် ၆၀ ကျော် မိခင်ကို ဆိုင်ကယ်အနောက်မှာတင်ကာ သူရင်ခွင်နဲ့ ဆိုင်ကယ်လက်ကိုင်ကြားထဲမှာ ငါးနှစ်အရွယ်သမီးငယ်ကို ခွတင်လိုက်ပါတယ်။ တခြားဆိုင်ကယ်တစ်စီးမှာတော့ အသက် ၁၄ နှစ်အရွယ် သူ့သားကြီးက ဆိုင်ကယ်မောင်းပြီး ၁၀ နှစ်အရွယ် သူ့သားငယ်က နောက်ကထိုင်ကာ ဗုံးသံ၊ သေနတ်သံတွေ ဟိန်းဟိန်းညံနေတဲ့ သူတို့ရွာကို တခြားသူတွေနည်းတူ စွန့်ခွာခဲ့ကြပါတော့တယ်။

အသက်နဲ့ ပိုင်ဆိုင်သမျှရင်းပြီး ရပ်တည်နေကြတဲ့ အညာက LPDF တွေရဲ့ တော်လှန်ရေးခရီးရှည် (ဆောင်းပါး)

“တော်လှန်ရေး မြန်မြန်ပြီးချင်လို့ လုပ်လိုက်တာပဲ၊ ရောင်းတာများဆို ဘာမှကို မရှိတော့ဘူး”

တော်လှန်ရေးတပ်ဖွဲ့တွေ မဟန့်တားနိုင်တဲ့ လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်မှု (သတင်းဆောင်းပါး)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မလည်ပတ်ဖို့ ဒေသခံသပိတ်ကော်မတီနဲ့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုတာ၊ ကြေးနီသယ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် ဟန့်တားတာတွေ လုပ်ပေမယ့် အဲဒီကြားထဲကပဲ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီက ကြေးနီတွေကို ဆက်လက်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10