စစ်ကောင်စီက ဗျူဟာပြောင်းတိုက်ခိုက်လို့ ဇွန်လအတွင်း PDF ၆၀ကျော် ကျဆုံး
မြေလတ်အသံသတင်းဌာနရဲ့ ကောက်ခံပြုစုထားတဲ့စာရင်းအရ PDF ၆၀ ကျော်သေဆုံးခဲ့တာကို တွေ့ခဲ့ရပေမယ့် အညာဒေသက ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကတော့ အဲဒီစာရင်းအရေးအတွက်ထက် ပိုမိုများနိုင်ပြီး စုစုပေါင်း သေဆုံးစာရင်းဟာ ပြည်သူတွေမပါဘဲ PDF တွေချည်းပဲ ၈၀ ကျော်ရှိနိုင်တယ်လို့ ဆိုပါတယ်။