Khin Hnin Phyu Soe

ဗုံးဆံ၊ ကျည်ဆံ ကြားက ပညာရေး

“စာသင်ကျောင်းတွေဖွင့်ထားပေမယ့် တိုက်ပွဲတွေလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကို အမြဲခံနေရတယ်။ ပြီးခဲ့တဲ့ မတ်လတလလုံးဆို ကျောင်းတွေအားလုံးနီးပါးပိတ်ထားရပြီး ၁၀ ရက်ပြည့်အောင်တောင် ကျောင်းမဖွင့်နိုင်ခဲ့ဘူး။ အညာဒေသမှာ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်ဆုံးရှုံးနေရတယ်” လို့ မြောင်ပညာရေးကွန်ရက် Myaung Education Networkက ကတာဝန်ရှိသူတဦးက ပြောပါတယ်။

"ဘာသာခြားကို ပိုဖိနှိပ်တဲ့ငရဲခန်းကိုဖြတ်ကျော်ပြီး အမှန်တရားဘက် ဆက်လက်ရပ်နေသူ"

“ဆန္ဒပြပွဲမှာ ပြေးရင်းဖမ်းခံခဲ့ရတာပါ။ သူငယ်ချင်းတွေနဲ့လည်း လူစုကွဲပြီး တယောက်တည်းပါသွားတာ။ ကျနော် ရောက်တာနဲ့ ဖုန်းကိုသိမ်းလိုက်ပြီး ပြန်မပေးဘူး။ တချို့တွေ အင်းစိန်ထောင်မပို့ခင် အချုပ်ကျနေတုန်း လိုက်လာတဲ့ မိဘတွေရှိတော့ နေ့ချင်းပြန်လွတ်တာတွေတော့ ရှိတယ်။ ကျနော်တို့ကတော့ လုံးဝဘာမှပေးမပြောဘူး။ တခုခုပြောဖို့လုပ်လိုက်ရင် စစ်သားတွေက အသားရောင်နဲ့ ပုံစံကိုကြည့်ပြီး ဟဲ့ကုလား နေအုံးဆိုပြီး စကား ပေးမပြောဘူး”

တော်လှန်ရေးလမ်းခုလတ်မှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သူရဲကောင်းမလေးအတွက်စာနဲ့ အခြားစာတွေပါနားဆင်ရမယ့် "မြေလတ်တံတား ၁၂"

တော်လှန်ရေးလမ်းခုလတ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူငယ်ချင်းမလေးအတွက် အားပေးစကားပြောကြားထားတဲ့စာ၊ တိုက်ပွဲတွေကြားမှာ မားမားမတ်မတ်ရပ်တည်နေတဲ့ မြဝတီမြို့လေးအတွက်စာတွေကိုပါ နားဆင်ရမှာပါ။

ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ကောက်စိုက်ရင်းသပိတ်မှောက်

"ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်နဲ့ ကောက်စိုက်ရင်း စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်ရင်း လက်သုံးချောင်းထောင် သပိတ်မှောက်ခဲ့ကြတာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။

တော်လှန်ရေးထဲကနာမည်ကျော်အမျိုးသမီးလေးတွေအတွက်စာအပါအဝင် အခြားစာတွေကိုလည်းနားဆင်ရမယ့် "မြေလတ်တံတား ၁၁"

အခုတပတ်မှာ အညာဒေသက ဆုံရှုံးလိုက်ရတဲ့ရက်ကန်းစင်တွေအတွက် ခံစားရတဲ့စာနဲ့ အဆိုတော်အိမ့်ချစ်အတွက် ပြည်သူကပေးတဲ့စာတွေကိုပါ နားဆင်ရမှာပါ ။

မြောင်နယ်က ကျောင်း ၁၅ ကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး ဟောပြောပွဲပြုလုပ်

“ရည်ရွယ်ချက်ကတော့ ၁၀ နှစ်အောက် ကလေးတွေအတွက် စာအုပ်တွေထုတ်ပြီး၊ လူကြီးတွေကိုတော့ advance level တွေးပြီး လုပ်ဆောင်သွားပါတယ်။ ကလေးတွေကိုယ်တိုင် လေယာဥ်လာရင် ဘယ်လိုလုပ််ဆောင်ကြရမလဲဆိုတာ ပိုပြီးသိလာစေဖို့နဲ့ မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့၊ အတူတူဖေးမကြဖို့ စည်းကမ်းတကျ ဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာနဲ့ ကျောင်းက မိခင်၊ ဆရာဆရာမတွေကိုယ်တိုင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို သိနိုင်ဖို့ရည်ရွယ်ပါတယ်”

ခင်ဦးမှာ ရွာ ၃ ရွာပေါင်းပြီး အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပညာပေးဟောပြောပွဲပြုလုပ်

"လူတိုင်း ရသင့်ရထိုက်တဲ့ မွေးရာပါ လူ့အခွင့်အရေး၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့အတူ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးစတဲ့ အမျိုးသမီးရေးရာ ရသင့်ရထိုက်တဲ့ တန်းတူညီမျှသော အခွင့်အရေးပိုင်းဆိုင်ရာတွေကို အကျယ်တဝင့် ရှင်းလင်းပြောဆို ဟောပြောခဲ့ကြတယ်”

ပြန်ဆုံမယ်လို့ယုံကြည်တယ်။ပြန်ဆုံရင် ပြန်ဂယက်ကြမယ်ဆိုတဲ့ သက်တန့်ရောင်စာလွှာလေးနဲ့အခြားစာလွှာလေးတွေကိုနားဆင်ရမှာပါ"မြေလတ်တံတား၉"

အခုတပတ် "မြေလတ်တံတား" Podcast အစီအစဥ်မှာ နားဆင်ရမဲ့စာလွှာလေးတွေကတော့ ပြည်သူချစ်အနုပညာရှင် မမထရီဇာခေါ် ချစ်သုဝေအတွက် စာလွှာအပါအဝင် ဆရာမစောဟန်နွေဦး အတွက် ရေးသားထားတဲ့စာနဲ့ အခြားစာလွှာလေးတွေဖြစ်ပါတယ် ။

ကောက်ရတဲ့ 79 ကျည်ဖူး ပေါက်ကွဲရာက ၁၂ အရွယ်ကလေး ၁ ဦးသေဆုံး

“ဆယ့်နှစ်နှစ်အရွယ် ကလေးငယ် တဦး နွားကျောင်းထွက်ရင်း တောတွင်းတနေရာက ရရှိလာတဲ့ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး ကျေးရွာအစွန်နေအိမ်တခုမှာ ကျည်ဖူးကို အုပ်ကန်ပေါ် လွတ်ကျရာက ပေါက်ကွဲမှုဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ”

ခင်ဦးဒေသခံ ၁ သောင်းကျော် အစားအသောက်နဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေ

“စစ်**တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး ယာတော်ရွာနဲ့ ကျွန်းတောကြီးရွာတွေကို မီးရှို့ရာကနေ တဖြေးဖြေးကျေးရွာ ၁၀ ရွာထိ ပြေးကုန်ရတယ်။ ၄ ရက်တိတိ ဘေးလွတ်ရာကို တနေရာပြီးတနေရာ ဆက်တိုက်ပြေးနေရလို့ အခက်အခဲများစွာနဲ့ အကူညီတွေ လိုအပ်နေတယ်”

တမူး PDF က စစ်ဘေးသင့်ကျေးရွာ ၄ ရွာကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) နယ်မြေစိုးမိုးထားတဲ့ ဒေသအတွင်းက စစ်ဘေးသင့်ပြည်သူတွေရှိတဲ့ ကျေးရွာ ၄ ရွာကို မနေ့ကဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဆားလင်းကြီးနယ်ရှိ မီးရှို့ခံရွာ ၈ ရွာက ဒေသခံတွေကို ကူညီထောက်ပံ့

“မနေ့က သွားရောက် လှူဒါန်းခဲ့တာပါ။ ဆားလင်းကြီးမြို့နယ် ကျေးရွာ ၈ ရွာအတွင်းက မီးဘေးသင့်ပြည်သူ ၃၀၇ ဦးအတွက် လူသားချင်း စာနာမှုအနေနဲ့ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့ပေးခဲ့တာပါ” လို့ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် တဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်က ကျေးရွာ ၁ ရွာမှာ လူထုဟောပြောပွဲ ပြုလုပ်

“ကျေးရွာ ၁ ရွာမှာ စုပေါင်းပြီး ဟောပြောပွဲ ပြုလုပ်ခဲ့တာပါ။ ကျေးရွာရပ်မိရပ်ဖတွေနဲ့အတူ ဒေသခံ လူဦးရေ ၅၀ ကျော်နီးပါး ဟောပြောပွဲမှာ လာရောက်ပါဝင်ခဲ့ကြပါတယ်” လို့ မုံရွာသပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

တော်လှန်လူငယ်တွေက နုကြည်လို့ချစ်စနိုးခေါ်တဲ့ NUGအတွက် စာလေးတစောင်ကိုပါ နားဆင်ရမယ့် "မြေလတ်တံတား ၇"

အခုတပတ် "မြေလတ်တံတား" Podcast အစီအစဥ်မှာ နားဆင်ရမဲ့စာလွှာလေးတွေကတော့ နုကြည်လို့ တော်လှန်လူငယ်တွေခေါ်ကြတဲ့ NUG အတွက်ရေးသားပေးပို့လာတဲ့ စာလွှာနဲ့အတူ တောတွင်းမှာတာဝန်ထမ်း ဆောင်နေတဲ့ pdf ရဲဘော်လေးကို ကြွေနေတဲ့ ကောင်မလေးက တနေ့အပြင်မှာဆုံချင်ကြောင်း ပေးပို့လာ စာလွှာလေး တွေအပါအဝင် အခြားစာလွှာလေးတွေကိုလည်း နားဆင်ကြရမှာပါ။

သားကိုထားခဲ့ပြီး PDF ရဲမေဘ၀ကို ရွေးချယ်ခဲ့သူ (ရုပ်/သံ)

အာဏာသိမ်းမှုကို ကြည့်မနေနိုင်ဘဲ တော်လှန်ချင်လို့ ၆ နှစ်အရွယ်သားငယ်ကို မိဘတွေနဲ့ အပ်ထားခဲ့ပြီး လာမယ့် ၄ လပိုင်းဆို သားက အသက် ၈ နှစ်ပြည့်မှာဖြစ်ပါတယ်၊ အခုဆို မိသားစုတွေလည်း တကွဲတပြားနဲ့ အိမ်လည်းမီးထဲပါသွားပေမယ့် တော်လှန်ရေးမှာ အားလျှော့သွားမှာ မဟုတ်သလို အစထဲကတည်းက အသက်ပါပေးထားပြီး လျှောက်ခဲ့တဲ့လမ်းဖြစ်လို့ နောင်တလည်း မရဘူးလို့ ၅/၉၉ PDF ရဲမေက ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10