Khin Hnin Phyu Soe

ဆားလင်းကြီးမှာ ကျဆုံးရဲဘော် ၁၀ ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ချီတက်ဆန္ဒပြ

“ကျဆုံးရဲဘော်၁၀ ဦးအတွက် ဆားလင်းကြီးရွာပေါင်းစုံ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ မနက်စောစောစတင်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူတွေပေါ် နှင်းဆီတွေတင်တာ အလေးနီပြုတာတွေ ပြုလုပ်ခဲ့တာ" လို့ သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

ခင်ဦးမှာ မီးရှို့ခံရတဲ့အိမ်ထောင်စုတွေအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်လှူဒါန်း

“ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ၄ ရက်အတွင်းကို ဗျိုင်းကြိုင်၊ မှန်သာ၊ ရုံးစု၊ ညောင်ပင်ကြီးစု အစရှိတဲ့ ကျေးရွာ ၄ ရွာလုံးမှာရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ အဲ့ဒီ ၄ ရွာလုံးကအိမ်ထောင်စု ၇၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး အကူအညီတွေလိုအပ်နေတာ”လို့ မြိုနယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြရင်း အသံတိတ်သပိတ်ပါဝင်ဖို့ တိုက်တွန်း ( ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း ဒီနေ့ဇန်နဝါရီလ ၃၁ ရက်ညနေပိုင်းမှာ စစ်ကောင်စီရဲ့ ဟန်ပြအတုအယောင် ရွေးကောက်ပွဲ (လုံးဝ) လက်မခံကြောင်းနဲ့အတူ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ ၅/ခဥန သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ဝေးကွာနေရသူတွေချင်း စာလွှာလေးတွေပေးပို့ အလွမ်းဖြေနိုင်မယ့် "မြေလတ်တံတား" ၄

အခုတပတ် "မြေလတ်တံတား" Podcast မှာ နားဆင်ရမဲ့ စာလွှာလေးတွေကတော့ တောတွင်းတစ်နေရာ မှာတာဝန်ထမ်းဆောင်နေတဲ့ငယ်သူငယ်ချင်းဖြစ်သူအတွက် အားပေးစကား ပြောကြားထားတဲ့စာလွှာနဲ့အတူ ချစ်သူသက်တမ်း တစ်နှစ်ပြည့်အတွက် ချစ်သူကောင်မလေးကို အမှတ်တရ ပေးစာလေး ပေးပို့လာတဲ့လူငယ် လေးတစ်ယောက်ရဲ့ စာလွှာလေးတွေအပါအဝင် စာလွှာလေးတွေကိုနားဆင်ကြရမှာပါ ။

ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြရင်း အသံတိတ်သပိတ် ပါဝင်ဖို့တိုက်တွန်း ( ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း ဒီနေ့ဇန်နဝါရီလ ၃၁ ရက်ညနေပိုင်းမှာ စစ်ကောင်စီရဲ့ ဟန်ပြအတုအယောင် ရွေးကောက်ပွဲ (လုံးဝ) လက်မခံကြောင်းနဲ့အတူ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ ၅/ခဥန သပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ရတက်မအေးနိုင်သေးတဲ့ စစ်ကိုင်းတိုင်းက ပြည်သူများ (ရုပ်/သံ)

မီးဘေးသင့်ဒေသခံပြည်သူတွေထဲမှာ အမျိုးသမီးတွေအများဆုံးဖြစ်နေပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်‌တွေပါဝင်တာကြောင့် အမိုးအကာ အစားအသောက်ပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပြီး အလှူရှင်တွေပဲ အားကိုးနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ရတက်မအေးနိုင်သေးတဲ့ စစ်ကိုင်းတိုင်းက ပြည်သူများ

မီးဘေးသင့်ဒေသခံပြည်သူတွေထဲမှာ အမျိုးသမီးတွေအများဆုံးဖြစ်နေပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်‌တွေပါဝင်တာကြောင့် အမိုးအကာ အစားအသောက်ပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပါတယ်။

ခင်ဦးမှာ တိုက်ပွဲတွေနဲ့ဖိနှိပ်မှုတွေကြားကပဲ မြို့နယ်တရားရေးအဖွဲ့ရုံး စတင်ဖွင့်လှစ်

“တိုက်ပွဲတွေနဲ့ မီးလောင်ဖျက်ဆီးမှုတွေကြားကပဲ တရားဥပဒေစိုးမိုးရေး တရားစီရင်မှုတွေမှာ ဖက်ဒရယ်စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ တရားရေးအဖွဲ့ရုံးဖွင့်လှစ်နိုင်အောင်စီစဉ်ခဲ့တာပါ။ ဇန်နဝါရီလ ၂၄ ရက်နေ့ကစပြီး ဖွင့်လှစ်နိုင်အောင်စီစဉ်နေတာပါ။ ခုတော့ ဖွင့်လှစ်ထားပါပြီ”လို့ သူကဆက်ပြောပါတယ်။

၂ နှစ်အတွင်းပျက်စီးသွားတဲ့ စစ်ကိုင်းကပြည်သူတွေဘဝ

“အိမ်ကတော့ ပြာဖြစ်သွားပြီ။ ဘာမှကို မကျန်ခဲ့တာ စစ်တပ်မီးရှို့ပြီး ပြန်ထွက်သွားတော့ ရွာနားသွားကြည့် သေးတယ်။ အိမ်နေရာမှာပြာပုံကြီးပဲ ကျန်တယ်။ မိသားစုထဲက အသက်ငယ်တဲ့ လူငယ်တွေက တောထဲကစစ်ရှောင်စခန်း တခုမှာအဆင်ပြေသလို နေကြတယ်။ ကျန်တဲ့အသက်ကြီးတဲ့ လူကြီးနှစ်ယောက်ကတော့ တောထဲမှာနေထိုင်ဖို့အဆင်မပြေလို့ ရွာနားနီးစပ် ဘုန်းကြီးကျောင်းတွေမှာ ထားထားတယ်” လို့ အိမ်မီး လောင်ပြာကျသွားတဲ့ အသက် ၃၅ နှစ်အရွယ် အလယ်ရှို့ကျေးရွာက ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

အကြောင်းအမျိုးမျိုးနဲ့ ဝေးကွာနေရသူတွေချင်း စာလွှာလေးတွေပေးပို့ အလွမ်းဖြေနိုင်မယ့် "မြေလတ်တံတား" ၃

အခုအချိန်ကာလမှာ တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ် ။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေကို "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ။

လူလတ်တန်းစားအကျပ်အတည်းနဲ့ ရွေ့ပြောင်းလုပ်သားစိန်ခေါ်မှု

“အခုက ဘာဆက်ဖြစ်မယ်မှန်းမသိဘူး။ ပြည်တွင်းမှာလည်း ၅၀၅ နဲ့ဖမ်းနေလို့ နေလို့မရဘူး။ အခုဒီမှာလည်း လုပ်စရာအလုပ် ဘာမှမရှိသလောက်ပဲ။ ပြည်တွင်းမှာတုန်းက ထားခဲ့တဲ့အိမ်မက်တွေ မျှော်လင့်ချက်တွေလည်း အကုန်ပျက်စီးကုန်ပြီ။ ခုထိုင်းနယ်စပ်မှာ အလုပ်သမားကတ်ဒ်လုပ်ပြီး နေနေတယ်။ ရှေ့ရေးကတော့ မတွေးရဲဘူး”

အကြောင်းအမျိုးမျိုးနဲ့ ဝေးကွာနေရသူတွေချင်း စာလွှာလေးတွေပေးပို့ အလွမ်းဖြေနိုင်မယ့် "မြေလတ်တံတား" ၁

တယောက်နဲ့ တယောက် ဆက်သွယ်ဖို့ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ် ။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေကို "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ ။

စစ်ကောင်စီမီးရှို့ဒဏ်ကနေ နှစ်လကျော်ကြာရှောင်နေရတဲ့ ညောင်ကားယားဒေသခံ ၇၀၀ ကျော် အကူညီလိုအပ်နေ

“ခုချိန်ထိကိုမီးရှို့ခံရတဲ့ နေရာတွေလဲမပြန်နိုင်ဘူး။ ရွာနားနီးစပ်တောတွေထဲမှာပဲ နေနေရတယ်။ မြစ်နားနီးတဲ့ရွာတွေဆိုလဲညညဆို ကြောက်နေရတယ်။ အီနာဂါတွေနဲ့ ညဆိုပစ်တော့။ ခုကနှစ်လလောက်ရှိပြီညောင်ကားယားက ၇၀၀ ကျော် ၈၀၀ နီးပါး မီးဘေးရှောင်နေရတာ။ နေစရာအမိုးအကာရော အစားအသောက်အကုန်လိုအပ်နေပြီး အကူအညီတွေလိုနေတယ်”

မြောင်နဲ့ချောင်းဦးမှာ အညာဆောင်းဒဏ်ခံနေရတဲ့ စစ်ရှောင်တသောင်းကျော် အရေးပေါ်အကူညီတွေ လိုအပ်နေ

“စစ်ကောင်စီဘက်က အညာကို တောက်လျှောက်ဖိနှိပ်နေတာ၊ ဒီလထဲ (ဒီဇင်ဘာလ)မှာကို ၆၀ မမ၊ အီနာဂါတွေနဲ့ အကြောင်းမဲ့ရွာတွေကို ပစ်ခတ်တာ၊ ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်နေလို့ ဒေသခံပြည်သူတွေရဲ့အိမ် တသောင်းကျော် မီးလောင်ဆုံးရှုံးခဲ့သလို သောင်းနဲ့ချီတဲ့ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ ထောင်ကျော် အကူအညီတွေ လိုအပ်နေတာ”

ချောင်းဦးမှာ ၂ ရက်အတွင်း ကျေးရွာ ၆ ရွာနီးပါး စစ်ကောင်စီမီးရှို့ဖျက်ဆီး

ဒီဇင်ဘာ၂၇ ရက်နေ့က ချောင်းဦးမြို့နယ်၊ ဝယာကျေးရွာနဲ့ ရွာသစ်ကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်နေ့က နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနဲ့ ထန်းတောကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10