ချောင်းဦးမှာ ၂ ရက်အတွင်း ကျေးရွာ ၆ ရွာနီးပါး စစ်ကောင်စီမီးရှို့ဖျက်ဆီး

ချောင်းဦးမှာ ၂ ရက်အတွင်း ကျေးရွာ ၆ ရွာနီးပါး စစ်ကောင်စီမီးရှို့ဖျက်ဆီး

ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီက ဒီဇင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက် ၂ ရက်အတွင်းကို ကျေးရွာ ၆ ရွာနီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Chaung U Revolution က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီဇင်ဘာ၂၇ ရက်နေ့က ချောင်းဦးမြို့နယ်၊ ဝယာကျေးရွာနဲ့ ရွာသစ်ကျေးရွာ၊ ဒီဇင်ဘာ ၂၈ ရက်နေ့က နဂါးဗိုလ်ကျေးရွာ၊ ကုန်းသာကျေးရွာ၊ တောကျောင်းလေးကျေးရွာနဲ့ ထန်းတောကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချောင်းဦး(ပကဖ)အဖွဲ့က ထုတ်ပြန်ထားတယ်လို့ဆိုပါတယ်။

"ရွာ ၆ ရွာလို့ကြားပါတယ်။ လက်ရှိရွာသားတွေက ရှောင်နေရတာဆိုတော့ အိမ်ခြေအတိအကျတော့ မသိရသေးဘူး" လို့ ဆိုပါတယ်။

ဒါ့အပြင် ချောင်းဦး အမြင့်ကျေးရွာအတွင်းက ဒေသခံတွေရဲ့နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖောက်ထွင်းပြီး ပစ္စည်းများလုယက်တာတွေ ပြုလုပ်နေသလို ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရလို့  ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဆိုပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း ချောင်းဦးမြို့နယ်၊ အမြင့်နဲ့ ကံကြီးကုန်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေသေးလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေအနေနဲ့ သက်ဆိုင်ရာရပ်ကျေး ပအဖ၊ ပကဖ ဒေသခံတော်လှန်ရေးအင်အားစုတွေရဲ့  ခွင့်ပြုချက်မရဘဲ မိမိရပ်ရွာတွေကို အရဲစွန့်ဝင်ရောက်တာတွေ မပြုလုပ်ကြဖို့ ချောင်းဦး(ပကဖ)အဖွဲ့က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10