ဆားလင်းကြီးမှာ ကျဆုံးရဲဘော် ၁၀ ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ချီတက်ဆန္ဒပြ

ဆားလင်းကြီးမှာ ကျဆုံးရဲဘော် ၁၀ ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ချီတက်ဆန္ဒပြ

 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတရွာမှာ ကျဆုံးရဲဘော် ၁၀ ဦးအတွက် တနှစ်(၂) လပြည့် အထိမ်းအမှတ်အဖြစ် ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းမှာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

“ကျဆုံးရဲဘော်၁၀ ဦးအတွက် ဆားလင်းကြီးရွာပေါင်းစုံ စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာပါ။ မနက်စောစောစတင်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ အုတ်ဂူတွေပေါ် နှင်းဆီတွေတင်တာ အလေးနီပြုတာတွေ ပြုလုပ်ခဲ့တာ" လို့ သပိတ်ကော်မတီအဖွဲ့ဝင်တဦးက ပြောပါတယ်။

ဆန္ဒပြလှုပ်ရှားမှုကို ယင်းမာပင် - ဆားလင်းကြီးနယ် ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တွေက ဦးဆောင်ခဲ့ပြီး ကျဆုံးရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ အလေးနီပြုတာ ရဲဘော်တွေရဲ့အုတ်ဂူပေါ် နှင်းဆီတွေနဲ့အတူ ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းဂုဏ်ပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီရဲဘော် ၁၀ ဦးဟာ ပြီးခဲ့တဲ့  ၂၀၂၁ ဇန်နဝါရီအတွင်းက ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေအပြင် မီးရှို့သတ်ဖြတ်မှုတွေကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော်တွေဖြစ်တယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10