ရတက်မအေးနိုင်သေးတဲ့ စစ်ကိုင်းတိုင်းက ပြည်သူများ

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် အမျိုးမျိုးသော အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပျူစောထီးတွေပူးပေါင်းပြီး ရွာတွေကို မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ မီးဘေးသင့်ပြီး အိုးမဲ့အိမ်မဲ့အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

မီးဘေးသင့်ဒေသခံပြည်သူတွေထဲမှာ အမျိုးသမီးတွေအများဆုံးဖြစ်နေပြီး သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်‌တွေပါဝင်တာကြောင့် အမိုးအကာ အစားအသောက်ပိုင်းမှာ အခက်အခဲတွေ ရင်ဆိုင်နေကြရပြီး အလှူရှင်တွေပဲ အားကိုးနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အနေနဲ့ အမိုးအကာ မလုံလောက်မှုတွေကြောင့် မီးလောင်သွပ်တွေနဲ့ပဲ နေအိမ်တွေ ပြန်တည်ဆောက်နေကြရပြီး အလှူရှင်တွေရဲ့ အကူအညီတွေ များစွာလိုအပ်နေကြတာပါ။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အာဏာသိမ်း ပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ထိကို နေအိမ်ပေါင်း ၂၇,၄၉၆ လုံး ဖျက်ဆီးခံခဲ့ရပြီး ဒေသခံ အရပ်သားပြည်သူအများစု နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလစစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရတဲ့နေအိမ် စုစုပေါင်း ၂၇၀၀၀ ကျော်အထိ ရှိလာနေပြီလို့ သုသေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data for Myanmar ကလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10