ခင်ဦးမှာ မီးရှို့ခံရတဲ့အိမ်ထောင်စုတွေအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်လှူဒါန်း

ခင်ဦးမှာ မီးရှို့ခံရတဲ့အိမ်ထောင်စုတွေအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်လှူဒါန်း

 
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀ ရက်ကစတင်ပြီး စစ်ကောင်စီရဲ့ မီးရှို့ခြင်းခံရတဲ့ ကျေးရွာ ၄ ရွာကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီး ဒီနေ့ဖေဖော်ဝါရီလ ၅ ရက်မှာ ဆီနဲ့ငွေသားတချို့ ထောက်ပံ့လှူဒါန်းခဲ့ တယ်လို့ သိရပါတယ်။
 
“ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ၄ ရက်အတွင်းကို ဗျိုင်းကြိုင်၊ မှန်သာ၊ ရုံးစု၊ ညောင်ပင်ကြီးစု အစရှိတဲ့ ကျေးရွာ ၄ ရွာလုံးမှာရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ အဲ့ဒီ ၄ ရွာလုံးကအိမ်ထောင်စု ၇၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်နေရပြီး အကူအညီတွေလိုအပ်နေတာ”လို့ မြိုနယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အဲ့ဒီကျေးရွာ ၄ ရွာအတွင်းကမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အိမ်ထောင်စုတွေအတွက် စားသုံးဆီနဲ့ ငွေသားတွေကို ခင်ဦးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီး ဆီနဲ့ ငွေသားတွေ ထောက်ပံ့လှူဒါန်းခဲ့တာပါ။ အိမ်ထောင်စု ၇၀၀ အတွက် ဆီ ၅၀ ကျပ်သား နဲ့ ငွေသား တသောင်းကျပ်စီ ထောက်ပံ့လှူဒါန်းခဲ့တာလို့ သိရပါတယ်။
 
ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် ၂ နှစ်ပြည့်အချိန်ထိ ကျေးရွာပေါင်း ၆၃ ရွာက နေအိမ်ပေါင်း ၃၇၀၀ အထိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မီးဘေးသင့် အိုးမဲ့အိမ်မဲ့ပြည်သူ ၁၈၀၀၀ ခန့်အထိရှိနေပြီလို့ ဆိုပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10