တော်လှန်ရေးထဲကနာမည်ကျော်အမျိုးသမီးလေးတွေအတွက်စာအပါအဝင် အခြားစာတွေကိုလည်းနားဆင်ရမယ့် "မြေလတ်တံတား ၁၁"

တော်လှန်ရေးထဲကနာမည်ကျော်အမျိုးသမီးလေးတွေအတွက်သတိတရစာ အပါအဝင် အခြားစာတွေကိုလည်းနားဆင်ရမယ့် "မြေလတ်တံတား ၁၁"
မြေလတ်အသံ၊မတ် ၂၁၊ ၂၀၂၃။
အခုအချိန်ကာလမှာ လွတ်လပ်စွာဆက်သွယ်ပြောဆိုဖို့ ခက်ခဲနေရတဲ့သူတွေများစွာ ရှိပါတယ်။ ဒီလိုဆက်သွယ်ရခက်ခဲနေသူတွေအနေနဲ့ စိတ်ချလက်ချ စကားလက်ဆောင်ပါးနိုင်ဖို့ "မြေလတ်တံတား" ကနေ ကူးလူး ဆက်သွယ်ပေးသွားမှာပါ။
အခုတပတ်မှာ အညာဒေသက ဆုံရှုံးလိုက်ရတဲ့ရက်ကန်းစင်တွေအတွက် ခံစားရတဲ့စာနဲ့ အဆိုတော်အိမ့်ချစ်အတွက် ပြည်သူကပေးတဲ့စာတွေကိုပါ နားဆင်ရမှာပါ ။
တစ်ယောက်နဲ့တစ်ယောက် စကားလေးတွေ စိတ်ချလက်ချပြောနိုင်ဖို့ မြေလတ်တံတားအစီအစဉ်ကို စာပို့လို့ရပါတယ်။
ဒီအစီအစဉ်ကို "နွေဦးစာတိုက်" အဖွဲ့နဲ့ "မြေလတ်အသံ"က ပူးပေါင်းတင်ဆက်ပေးထားပါတယ် ။
စာလွှာတွေပေးပို့ချင်တယ်ဆိုရင်တော့ (Spring Post Office)မှာ ပေးပို့လို့ရပါတယ် ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10