ဆားလင်းကြီးနယ်ရှိ မီးရှို့ခံရွာ ၈ ရွာက ဒေသခံတွေကို ကူညီထောက်ပံ့

ဆားလင်းကြီးနယ်ရှိ မီးရှို့ခံရွာ ၈ ရွာက ဒေသခံတွေကို ကူညီထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၈ ရွာက ဒေသခံပြည်သူ ၃၀၀ ကျော်ကို မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်မှာ အိမ်အသုံးအဆောင်ပစ္စည်းတွေ ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါတယ်။

“မနေ့က သွားရောက် လှူဒါန်းခဲ့တာပါ။ ဆားလင်းကြီးမြို့နယ် ကျေးရွာ ၈ ရွာအတွင်းက မီးဘေးသင့်ပြည်သူ ၃၀၇ ဦးအတွက် လူသားချင်း စာနာမှုအနေနဲ့ သွားရောက်တွေ့ဆုံပြီး ကူညီထောက်ပံ့ပေးခဲ့တာပါ” လို့ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် တဦးက ပြောပါတယ်။

ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီနဲ့ ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့တို့ ပူးပေါင်းကာ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး၊ လှူဒါန်းခဲ့တဲ့ ကျေးရွာအမည်တွေကိုတော့ လုံခြုံရေးအရ ပြောကြားခဲ့ခြင်း မရှိပါဘူး။

အဆိုပါအဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်ကလည်း ယင်းမာပင်မြို့နယ် မီးဘေးသင့် လူဦးရေ ၂၁၀ အတွက် သွားရောက်ထောက်ပံမှုတွေ ပြုလုပ်ခဲ့သလို မီးရှို့ခံရမှုအတွက် အားမငယ်ဖို့၊ ဆက်လက်အားမွေးပြီး တောင့်ခံတော်လှန်ပေးကြပါဖို့ အားပေးစကားပြော၊ တောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10