သားကိုထားခဲ့ပြီး PDF ရဲမေဘ၀ကို ရွေးချယ်ခဲ့သူ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ PDF ရဲမေ ၁ ဦးရဲ့အိမ် ၂ လုံးအပါအဝင် အိမ်ခြေ ၁၀၀ ကျော်ပါ မီးလောင် ဆုံးရှုံးသွားခဲ့ပါတယ်။

အိမ်မီးထဲပါသွားတဲ့ ရဲမေဟာ ၅/၉၉ PDF အဖွဲ့ဝင်တဦးဖြစ်သလို အသက် ၆ နှစ်အရွယ် သားတယောက်ကို  ပြုစုစောင့်ရှောက်နေတဲ့ အသက် ၃၀ ကျော်အရွယ် မိခင်တစ်ဦးပါ။

အာဏာမသိမ်းခင်မှာ မိသားစုကို စိုက်ပျိုးရေးလုပ် ရပ်တည်နေခဲ့ပြီး သူ့သားငယ်ကို စောင့်ရှောက်နိုင်ခဲ့ပေမယ့် အခုတော့ အရာအားလုံး ပျက်စီးသွားခဲ့တာ ၂ နှစ်နီးပါးရှိနေပြီလို့ ဆိုပါတယ်။

အာဏာသိမ်းမှုကို ကြည့်မနေနိုင်ဘဲ တော်လှန်ချင်လို့  ၆ နှစ်အရွယ်သားငယ်ကို မိဘတွေနဲ့ အပ်ထားခဲ့ပြီး လာမယ့် ၄ လပိုင်းဆို သားက အသက် ၈ နှစ်ပြည့်မှာဖြစ်ပါတယ်၊ အခုဆို မိသားစုတွေလည်း တကွဲတပြားနဲ့ အိမ်လည်းမီးထဲပါသွားပေမယ့် တော်လှန်ရေးမှာ အားလျှော့သွားမှာ မဟုတ်သလို အစထဲကတည်းက အသက်ပါပေးထားပြီး လျှောက်ခဲ့တဲ့လမ်းဖြစ်လို့ နောင်တလည်း မရဘူးလို့ ၅/၉၉ PDF ရဲမေက ဆိုပါတယ်။

#မြေလတ်အသံ #အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10