သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကြားကာလပညာသင်ကျောင်း ၁၅ ကျောင်းက ကျောင်းသား၊သူတွေကို မတ်လ ၉ ရက်မနေ့က စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ "လေယာဉ်ပျံတွေလာရင်" ခေါင်းစဉ်နဲ့ ဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီဟောပြောပွဲကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး၊ မြောင်ပညာရေးကွန်ရက်က စီစဥ်ထုတ်လုပ်တဲ့ ပညာပေးစာအုပ်တွေ ဖြန့်ဝေတာနဲ့ ကာတွန်းသရုပ်ဖော်ပုံတွေ ပြသခဲ့တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ မြောင်ပညာရေးကွန်ယက်မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ရည်ရွယ်ချက်ကတော့ ၁၀ နှစ်အောက် ကလေးတွေအတွက် စာအုပ်တွေထုတ်ပြီး၊ လူကြီးတွေကိုတော့ advance level တွေးပြီး လုပ်ဆောင်သွားပါတယ်။ ကလေးတွေကိုယ်တိုင် လေယာဥ်လာရင် ဘယ်လိုလုပ််ဆောင်ကြရမလဲဆိုတာ ပိုပြီးသိလာစေဖို့နဲ့ မိမိတို့ကိုယ်တိုင် ကာကွယ်နိုင်ဖို့၊ အတူတူဖေးမကြဖို့ စည်းကမ်းတကျ ဘယ်လိုတွေ လုပ်ဆောင်ကြမလဲဆိုတာနဲ့ ကျောင်းက မိခင်၊ ဆရာဆရာမတွေကိုယ်တိုင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို သိနိုင်ဖို့ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။