ဘုတလင်မြို့နယ်က ကျေးရွာ ၁ ရွာမှာ လူထုဟောပြောပွဲ ပြုလုပ်

ဘုတလင်မြို့နယ်က ကျေးရွာ ၁ ရွာမှာ လူထုဟောပြောပွဲ ပြုလုပ်

 
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်က ကျေးရွာ ၁ ရွာမှာ ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက် မနက်ပိုင်းက ဖက်ဒရယ်အရေး၊ မကြောက်တရားနဲ့ ဖက်ဒရယ်ပညာရေးတို့ကို လိုက်လံ မျှဝေ ဟောပြောခဲ့တယ်လို့ ဆိုပါတယ်။
“ကျေးရွာ ၁ ရွာမှာ စုပေါင်းပြီး ဟောပြောပွဲ ပြုလုပ်ခဲ့တာပါ။ ကျေးရွာရပ်မိရပ်ဖတွေနဲ့အတူ ဒေသခံ လူဦးရေ ၅၀ ကျော်နီးပါး ဟောပြောပွဲမှာ လာရောက်ပါဝင်ခဲ့ကြပါတယ်” လို့ မုံရွာသပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။
 
ဟောပြောပွဲကို မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးခန့်ဝေဖြိုး၊ မုံရွာစီးပွားရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ကိုရှင်းသန့်အပါအဝင် ကိုသန့်ကုဋေအောင်တို့မှ ဦးဆောင်ဟောပြောခဲ့တာလို့ ဆိုပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10