စပါးစျေး‌ကောင်းနေပေမယ့် တောင်သူတွေမှာ ရောင်းစရာစပါးမရှိ

စပါးစျေး‌ကောင်းနေပေမယ့် တောင်သူတွေမှာ ရောင်းစရာစပါးမရှိ

ပဲခူးတိုင်းအနောက်ခြမ်းကမြို့နယ်တွေကထွက်ရှိတဲ့ လက်ရှိမိုးစပါးစျေးကျပ်ခုနှစ်သိန်းကျော်စျေးပေါက်နေပေမယ့်တောင်သူတွေရဲ့လက်ဝယ်မှာရောင်းချစရာစပါးမရှိသလောက်နည်းပါးသွားပြီလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

အခြေခံလူတန်းစားအများဆုံးစားသုံးတဲ့ဒေသထွက် ကျောက်ရွေး၊တင်းတရာ၊ငွေတိုး၊အင်းလယ်စတဲ့စပါးစျေးတွေဖြစ်ကြောင်းသိရပါတယ်။

"တင်းတရာ၊ ကျောက်ရွေး၊ အင်းလယ်၊ ငွေတိုးစပါးစျေးကခုနှစ်သိန်းကျော်ပေါက်စျေးရှိတယ်အများစျေးပေါ့ အစိုပေါင်လဲလွတ်တဲ့အချိန်ဖြစ်တော့ ပေါင် ၅၀ တတင်းရဲ့ပေါက်စျေးဖုန်၊မှုန်၊သဲ၊ခဲ ကင်းရမယ် ဒါဆိုရင် ၇ သိန်းခွဲစျေးရှိတယ်၊ လောလောလောဆယ် အဲစျေးနဲ့အရောင်းအဝယ်လုပ်နေကြတယ်"လို့ပေါင်းတည်မြို့က စပါးရောင်းဝယ်နေသူတဦးကပြောပါတယ်။

တောင်သူအများစုဟာ စပါးကိုရိတ်သိမ်းခြွေလှေ့အပြီး လယ်ကွင်းအတွင်းမှာပင်ရောင်းချလေ့ရှိတာမို့ အခုလိုအချိန်မျိုးမှာ ရောင်းချစရာစပါးမရှိသလောက်နည်းပါးသွားပြီလို့ သိရပါတယ်။

 "ခေတ်ကပြောင်းသွားပြီ အရင်ကလို စပါးဂိုဒေါင်ထားနိုင်တဲ့ခေတ်မဟုတ်ဘူ၊း လယ်ထဲမှာတင်ထွက်သမျှစပါးအကုန်နီးပါးရောင်းကြတာ မျိုးစပါးလောက်ပဲကျန်တော့တာ ပြီးမှဆန်ဝယ်စားတယ်၊ ပေါ်စအချိန်ရောင်းတော့ အစိုဓါတ်လည်းရှိတော့ တောင်သူကလည်းသိပ်မမာနိုင်ဘူး ၆ သိန်းဝန်းကျင်လောက်နဲ့ရောင်းကြတာများတယ်"လို့ ဇီးကုန်းမြို့နယ်အတွင်းကတောင်သူတဦးက ပြောပါတယ်။

စပါးကိုလယ်ကွင်းအတွင်းမှာပဲရောင်းချရခြင်းမှာစပါးမှာအစိုဓါတ်များနေတဲ့အတွက် နေလှန်းရန်အချိန်မပေးနိုင်ခြင်း၊သိုလှောင်စရာနေရာမရှိခြင်းနဲ့ရိတ်ခြွေခအပါအဝင်လုပ်သားခပေးဆောင်ရန်ရှိခြင်းနဲ့ ​ လတ်တလော လိုအပ်တာတွေ ဝယ်ယူနိုင်ဖို့အတွက်ဖြစ်​တယ်လို့ သူကဆက်ပြောပါတယ်။

 
စပါးကိုလက်ဝယ်ပိုင်ဆိုင် သိုလှောင်ထားတဲ့သူအချို့ဟာ လယ်ဧကဆယ်ဂဏန်းကျော်ပိုင်ဆိုင်တဲ့သူတွေဖြစ်သလိုအခြားလုပ်ငန်းတွေလည်းရှိကြပြီး လယ်ဧကနည်းပါးတဲ့တောင်သူအချို့မှာတော့မျိုးစပါးပင်ချန်ထားနိုင်ခြင်းမရှိကြောင်း သိရပါတယ်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ၂၀၂၁မိုးစပါးနှင့်၂၀၂၂နွေစပါးအတွက်   အစိုဓါတ်၁၄% နှင့် အဖျဥ်း၊အမှော်၊ဖုန် သဲ၊ခဲကင်းစင်တဲ့ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ရဲ့အခြေခံစပါးစျေးကို ကျပ် ၅၄၀,၀၀၀ သတ်မှတ်ထားကြောင်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10