သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ် သံတောင်မြို့နယ်၊ ခူလောင်ကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ရိက္ခာပို့ စစ်ကြောင်းကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင် အခြေအနေကိုသိရှိတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးဆီက သိရပါတယ်။
မတ် ၉ ရက်မနက် ၉ နာရီကျော်မှာ ထန်းတပင်မြို့နယ်၊ ရေသုတ်ကြီးစစ်ကောင်စီတပ်စခန်းကနေ ခူလောင်ကျေးရွာအနီးရှိ နောစိုးစစ်ကောင်စီတပ်စခန်းကို ရိက္ခာလာပို့တဲ့ အင်အား ၅၀ ကျော်မှာ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာက မြန်မာအစိုးရအခေါ်ဆို သံတောင်မြို့နယ်မှာ။ KNU ဖွဲ့စည်းပုံရအခေါ်ဆို ထန်းတပင်မြို့နယ်ပါ။ တိုက်ပွဲဖြစ်တာက တောင်ပေါ်နားမှာဖြစ်တာ။ ထိတွေ့တိုက်ပွဲကတော့ သိပ်မကြာဘူး။ စကစအဖွဲ့တွေပြန်ဆုတ်သွားတာ"လို့ မြေပြင်အခြေအနေကို သိရှိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကနေ့မတ် ၁၀ ရက်ထိစစ်ကောင်စီစစ်ကြောင်းဟာ ခူလောင်ကျေးရွာအနီးမှာရှိနေသေးပြီး စစ်ရေးတင်မာတဲ့အခြေအနေရှိနေသေးတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီအဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ သေနတ် ၅ လက်ကို ပူးပေါင်းတပ်တွေဘက်ကသိမ်းဆည်းရမိပြီး ထိခိုက်သေဆုံးအခြေအနေကိုတော့ စုံစမ်းဆဲလို့ဆိုပါတယ်။
မတ် ၈ ရက်ကလည်း သံတောင်မြို့နယ်၊ သပြေညွန့်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီးစစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများကာ သေနတ် ၇ လက်အပါအဝင် လက်နက်ကြီးဗုံးသီးနဲ့ မိုင်းတွေ သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကရင် #စစ်ကောင်စီ #စစ်ကြောင်း #တိုက်ခိုက်ခံရ
Share Share Share